Monday, December 10, 2012

nokia ဖုန်းတွင်မြန်မာစာပေါ်စေသောsoftware

သူငယ်ချင်းတို့ကို မိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်လေးက  Somyac.Font Zoomer.v2.21 ဖြစ်ပါတယ်


သူက ဘာအတွက်အသုံးဝင်လည်းဆိုတော့ NOKIA ဖုန်းတွေမှာ မြန်မာစာမြင်အောင်
ဇော်ဂျီဖောင့်ကို အသုံးပြုလို့ရအောင်အထောက်ပံပေးနိုင်တဲ့ဆောစ့်ဝဲလ်လေးပါခင်ဗျာ
အသုံးပြုနည်းကတော့ အရင်ဆုံးSomyac.Font Zoomer ဖုန်းထဲကို Run လိုက်ပါ
ပြီးရင် ဖုန်းမန်မိုရီ C:Somyac.Font Zoomer ဖိုင်ထဲကို ဇော်ဂျီဖောင့်ထည့်လိုက်ပါ
Somyac.Font Zoomer ဖွင့်လိုက်ပါ ပြီးရင် Options ကိုနိုပ်ပြိး
Show Font List ထဲဝင်လိုက်ပါ ပြီးရင် ဇော်ဂျီဖောင့်ကို Select ပေးလိုက်ပါ
ပြီးရင် Apply ကိုနိုပ်ပြီး  ထွက်လိုက်ပါ ဖုန်းကိုလည်းပိတ်လိုက်ပါ ဖုန်းပြန်ဖွင့်လိုက်တဲ့အခါြ
မန်မာစာဖောင့်ဖတ်လို့ရတာကို မြင်ရပါမယ် အဆင်ပြေပါစေ
နောက်တစ်ခြားဖုန်းနဲ့ပက်သက်နဲ့တဲ့ မြန်မာဖောင့်ကိုလေ့လာချင်ရင်
http://www.myanmarmobileapp.com/ ထဲမှာလေ့လာနိုင်ပါတယ်
Download>>>>http://www.diskme.com/ (or)http://ifile.it/ (or)http://www.ziddu.com/

MP3 To Ringtone Gold 8.7 Full

MP3 To Ringtone Gold 8.7 Full

MP3 To Ringtone Gold 8.7 Full Download

MP3 To Ringtone Gold မိုဘိုင်းအားလုံးအတွက် Ringtone တွေ ကို ထုတ်ပေးနိုင်တဲ့ ဆော့ဝဲလ်လေးပါ အခြား လုပ်နိုင်တာလေးတွေလဲ အောက်မှ ပြထားပေးပါတယ်

                               Click on image to enlarge


Features:

  • Convert mp3 to mmf
  • Convert mp3 to amr
  • Converrt mp3 to wav
  • Convert mp3 to qcp
  • Convert CD to mmf
  • Convert CD to amr
  • Convert CD to mp3/wav
  • Send ringtones

Download here
 

Mobile Phone နဲ့ မြန်မာဖောင့်

ကျနော်ကတတ်လို့မဟုတ်ဘူးဗျို့.....iTunes တွေ  iPhone  တွေကိုင်နိုင်ဖို့နေသာသာ nokia  တောင်သူများပေးထားလို့ ...အဟီး  မဖွနဲ့နော်..... အဆင်ပြေအောင်လို့လည်းရှာထားပေးတဲ့မျက်နှာလည်းထောက်ပေး ဦး...ငှဲ့ငှဲ့
အဆင်ပြေမယ်ထင်တာတွေရှာတင်ပေးထားတာပါဗျာ ကျနော်ရေးထားတာတစ်ခုမှမပါပါဗျာ
ခေါင်းစဉ်တစ်ခု စီရဲ့အပေါ်မှာ မူရင်းလင့်တွေ ထည့်ပေးထားပါတယ်
မရရင်တော့မူရင်းဆိုက်ကလူတွေဆီမေးကြပါ ကျနော်တော့ဘာမှမသိပါ...
မေးရင်လည်းဘာမှဖြေပေးနိုင်မှာမဟုတ်လို့ပါ.


WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၂)

WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၂)


ဒီနည်းကတော့ နောက်ဆုံးပေါ်နည်းပါ။
ပထမဆုံး ဖုံးထဲက window ထဲက font folder ထဲကို Zawgyi-one.tff ကို သွားထည့်ထားလိုက်ပါ။
INGChangeFont ကို အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ။
http://www.mediafire.com/file/g93gc61gm6z6cf3/INGChangeFont.cab

window ဖုံးတွေမှာ အလွယ်တကူ ဖောင့်ချိန်းနိုင်တဲ့ software ပါ အရင်လို reg ထဲသွားပြီး ပြင်စရာမလိုပါဘူး
ပြီးရင် install လုပ်ပြီး အဲဒီ app ကို ဖွင့် ပြီးရင် font နေရာမှာ zawgyi ချိန်းပေးလိုက်ရုံပါဘဲ
keyboard ကိုတော့ နည်း ၁ ထဲမှာ ထည့်တဲ့နည်းအတိုင်း ထည့်လိုက်ပါ။

WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၁)


ဒီနည်းဟာ အရင်ကအသုံးပြုခဲ့သော နည်းဖြစ်ပါတယ်။
http://www.2shared.com/file/9070833/b067f525/zawgyi_keyboard_for_wm...
ပထမဆုံး အပေါ်ကနေဒေါင်းပြီး software လေးယူလိုက်ပါ..
ပြီးရင် Zawgyi Mobile Keyboard.CAB ကို install လုပ်လိုက်ပါ.. install တော့လုပ်တတ်မယ်ထင်တယ်နော်..
(မကြိုက်ရင် ပြန်ဖြုတ်ပုံလဲ အဲ့ထဲမှာပါတယ်..ဖတ်ကြည့်ပါ..)
ပြီးရင်တော့ keyboard နေရာမှာ ချိန်းပြီး zawgyi keyboard သုံးလို့ရပါပြီ..
အဲ.. ဒါပေမယ့် ဖောင့်ရသေးဘူး..
နောက်ဆက်လုပ်ရမယ့် အဆင့်တွေရှိသေးတယ်..
ခုနက ဒေါင်းထားတဲ့ထဲမှာပါတဲ့ TRE.arm.CAB ကို install ထပ်လုပ်လိုက်ပါ။

TRE ကိုသုံးပြီး HKEY_LOCAL_MACHINE\System\GDI\SysFnt အတိုင်းသွားပြီး Nm နောက်က Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MAHINE\SYSTEM\GDI\V1\FontAlias မှာလဲ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Barfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Popfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\OOMFnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
ပြီးရင် ဖုံးကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ..
သင်လိုချင်တဲ့ ဇော်ဂျီဖောင့်နဲ့ ဆိုဒ်တွေကို မြင်ရမယ့် အပြင် ဖုံးထဲမှာပါ ဇော်ဂျီကို သုံးလို့ရပါလိမ့်မယ်…

Myanmar Font for Nokia (with FontRouterMan)

Myanmar Font for Nokia (with FontRouterMan)



http://code.google.com/p/fontrouter/

http://www.mediafire.com/file/djvzmlzgn2m/FontRouterManV1.06RC_S60_...
အဲဒီနှစ်ခုကို ဒေါင်းပြီး ဖုံးထဲက internal memory မှာ install လုပ်လိုက်ပါ..
filemanager ကိုသုံးပြီး C:/data/Fonts ထဲကို ဇော်ဂျီဖောင့်(.ttf ဖြစ်ရပါမယ် .TTF မဖြစ်ရပါဘူး)ထည့်လိုက်ပါ..
ပြီးရင် ခုနက install လုပ်ထားတဲ့ FontRouterMan ကိုဖွင့်ပါ
option ကနေပြီး c အောက် ကိုယ်ထည့်ထားတဲ့ ဖောင့်ဖိုင်ကိုရွေး ပြီးရင် ထွက်လိုက်ပါ..
www.symbian-guru.com/wp-content/uploads/2009/08/how_to_change_choos..." height="240" width="320" />
ဖုံးကို reboot ပြန်လုပ်လိုက်ပါ
မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့…သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့…သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..
nokia 5800 နဲ့ N95 မှာသေချာပေါက်ရပါတယ် စမ်းကြည့်ကြပါ

iTunes 10 တွင် Zawgyi Font ရအောင် လုပ်ခြင်း


0
0
 
Rate This
iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။
အရင်ဆုံး Resource Folder ထဲက en.lproj အောက်ကTextStyles.plist ဆိုတာကို ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။

ကျွှန်တော်ကတော့  Notepad ++ နဲ့ပဲ ပြပါမယ်။

ဖွင့်လိုက်ရင် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။
ပုံထဲမှာ Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi-One နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save လုပ်ပေးလိုက်ပါ။

အားလုံး လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်ကအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

တစ်ခုကောင်းတာက zawgyi မသုံးချင်ရင် lang ချိန်းလိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။
ပုံတွေကို demohunter ဆီက ယူသုံးထားပါတယ်။း)
Posted in window. Tags: apple, font, zawgyi. 2 Comments »

How To Install Zawgyi On JailBroken IPhones/IPod/IPad


0
0
 
Rate This
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
Http://Cydia.Macforus.Com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့် Zawgyi Keyboard ဆိုပြီး ၂ ခုရှိပါသည်။
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။
၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )
၂။ keyboard အတက်နှေးခြင်း။
၃။ အချို့ version များတွင် အသုံးပြုမရခြင်း။
စတင်ခြင်း
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
၅။ သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။
keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်ကအတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်

Myanmar font for Blackberry


တဖြည်းဖြည်းနဲ့ လူသုံးများလာတဲ့ blackberry အတွက်လဲ ဇော်ဂျီ ရပါပြီ…
Smiley Myanmar ပါတဲ့ ခင်ဗျာ..

သူကတော့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ပါ.. ပြီးတော့ ဇော်ဂျီဖောင့်ကို install လုပ်ပေးပါတယ်.. ဒီတော့ ဇော်ဂျီ ရပြီပေါ့ ခင်ဗျာ…
Wireless နဲ့လုပ်ချင်တယ်ဆိုရင် ..
ဖုံးထဲကနေ
http://mountmandalay.net/downloads/bb/
ကိုသွားပါ..
ပြီးရင် MMDictionary 0.9.2.480 ကိုဒေါင်းပါ..
ဖုံးကမေးလာတဲ့ permission တွေကို ခွင့်ပြုလိုက်ပါ..
အဲလိုမဟုတ်ဘဲ လိုချင်ရင်တော့..
အောက်ကလင့်မှာ ဒေါင်းပါ..
http://mountmandalay.net/downloads/bb/smileymyanmar.zip

Smiley Myanmar ကို အသုံးပြုခြင်း
* Once you have installed, you can find it under downloads or applications folder.
* Open it for the first time. When you see the first screen, press BlackBerry menu.
* Click ‘Setting’, then you will see next screen.
* In next screen, click ‘Install’ to install Zawgyi Font.
* Back to previous screen.
* Type something you want to look up.
* *** You must have BlackBerry Internet plan or Wi-Fi turn on to use this app.
Supported Devices and OS
* BlackBerry OS 5 and OS 6
* 480 x 360 pixels
* BlackBerry 8900 (OS 5)
* BlackBerry 9630 (OS 5)
* BlackBerry 9650
* BlackBerry 9700
* BlackBerry 9780

Zawgyi (Font)

အထက်ပါ Keyboard layout ဖြင့် Alpha Info-tech မှ ထုတ်လုပ်သော ဇော်ဂျီဖောင့် သည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံး ဖြစ်သည်။
ဇော်ဂျီ Unicode Fontသည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံးသော ယူနီကုဒ်တု (pseudounicode) ဖောင့် တစ်ခုဖြစ်ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် Unicode 4.0 (Myanmar1) encoding model ကို အခြေခံထားပါသည်။ သို့သော် နောက်ပိုင်းဆက်လက် ထွက်လာသည့် Unicode 4.1 (Myanmar2) နှင့် Unicode 5.1 (Myanmar3) ကို လိုက်နာခြင်းမရှိဘဲ သုံးစွဲသူ အလိုကျ Alpha Info-Tech Co., Ltd. မှ ဆက်တိုက် ပြုပြင်လာခဲ့ပါသည်။ ပါဠိ စာလုံးများ၊ သုံးထပ်ဆင့်များတွင် ပါဝင်ခြင်းမှာ အခြားယူနီကုဒ်ဖောင့် များဖြင့်မတူ တစ်မူထူးခြားချက်ဖြစ်ပါသည်။

Contents

[hide]

ဇော်ဂျီဖောင့် သမိုင်း

ဇော်ဂျီဖောင့် သမိုင်း

ဇော်ဂျီဖောင့် သမိုင်းမှာ ယခုအထိ ရှင်းလင်းခြင်း မရှိသေးပါ။[1] ဇော်ဂျီဖောင့် Annotation များတွင် မန္တလေးမှ ကိုဇော်ဝင်းမြတ် ရေးဆွဲသည်ဟု ပါရှိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် အလျှင်စလို ဖြန့်ဝေရခြင်းမှာ အခမဲ့ Unicode Font ထုတ်ဝေရန် တာဝန်ရှိသော အများပိုင် Myanmar NLPမှ အချိန်ဆွဲနေခြင်းကို တွန်းအားပေး ရန် အကြောင်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။[2]ညီလင်းဆက် အဆိုအရ ဇော်ဂျီဖောင့်ကို အမည်မဖော်လိုသော ပညာရှင်ငါးဦးက ၂၀၀၅-ခုနှစ်လောက်တွင် စတင်ခဲ့သည်ဟု သိရပါသည်။ [3]။ အချို့ပြောဆိုချက်များအရ ဦးငွေထွန်း၏ project မှ ကျောင်းသားတစ်ယောက်က ပုည(ခေါ်)ဖောင့်တစ်ခု စမ်းသပ်ထုတ်လုပ်ပြီး www.planet.com.mm သို့ ၎င်းအနေဖြင့် တရားဝင် သုံးစွဲခွင့်ပြုခဲ့ရာ Planet Team မှ ယင်းတို့၏ ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပုညဖောင့်သို့ စတင်ပြောင်းလဲ သုံးစွဲခဲ့သည်။ ထို့နောက် ဦးသောင်းစုငြိမ်းနှင့် ဦးရဲမြတ်သူတို့ ပါသည်ဟု ယူဆရသော ပညာရှင် ငါးဦးသည် စုစည်းကာ မန္တလေးမြို့အခြေစိုက် Alpha Info-Tech (Mandalay) (ဦးရဲမြတ်သူ၏ ကုမ္ပဏီ) ၏ နည်းပညာထောက်ပံ့မှုဖြင့် မန္တလေးမြို့ အခြေစိုက် ဖောင့်ဒီဇိုင်နာ ဦးဇော်ဝင်းမြတ်ထံ ဖောင့်ဒီဇိုင်းတစ်ခု အပ်ခဲ့ပြီး ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ဟု ခေါ်တွင်စေကာ www.planet.com.mm မှ စတင်၍ တရားဝင် အခမဲ့ ဖြန့်ချိပေးပြီး သုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် www.alpha.com.mm (Alpha Info-Tech ၏ ဝက်ဘ်ဆိုက်)မှလည်း နည်းပညာ အထောက်အပံ့များ ပြုလုပ်ပြီး ဖောင့်သာမက ဆက်စပ်နည်းစနစ်များပါ ဖြန့်ချိခဲ့သည်။ www.zawgyi.net အမည်ဖြင့် အဆိုပါ ဇော်ဂျီအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်ကို ၂၀၀၆ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး တရားဝင် နောက်ဆုံးထွက် ဖောင့်များကို version number များ release date များဖြင့် စနစ်တကျ ဖြန့်ချိခဲ့သည်။ သို့သော် တရားဝင် ဝက်ဘ်ဆိုက်ကို အစဉ်အမြဲ ထိန်းသိမ်းရန် အားနည်းခဲ့သည့် အတွက် ဖောင့်အသစ်များကို www.alpha.com.mm ကဲ့သို့သော် အခြားလွယ်ကူသည့် နေရာများမှ ဖြန့်ချိဖြစ်ခဲ့သည်။ ယနေ့အချိန်ထိ ဇော်ဂျီဖောင့်သုံးစွဲသူများကြားတွင် တရားဝင်နောက်ဆုံးထွက် ဇော်ဂျီဖောင့်မဟုတ်သည့် version များလည်း များစွာ ပြန့်နှံ့လျက် ရှိသေးကြောင်း တွေ့ရသည်။ Myanmar IT Professional Zawgyi Group discussion များအရ ထိုငါးဦးအဖွဲ့တွင် ဦးသောင်းစုငြိမ်းနှင့် ကိုရဲမြတ်သူ ပါသည်ဟု မှန်းဆနိုင်သည်မှလွဲ၍ အခြားသူများကို မဖော်ထုတ်နိုင်ပေ။[4]
ဇော်ဂျီဖောင့်သည် ပုညသော်လည်းကောင်း၊ မြစေတီသော်လည်းကောင်း မည်သည့် ယူနီကုဒ်ဖောင့်၏ နောက်ဆက်တွဲ မဟုတ်ပဲ Unicode စံနှုန်းထဲမှ မြန်မာအတွက် စတင်ထုတ်စဉ်ကာလအထိ အတည်ပြုပြီးသား ယူနီကုဒ်သတ်မှတ်ချက်ကို အခြေခံပြီး ဇော်ဂျီအဖွဲ့၏ စိတ်ကူးအတိုင်း စံနှုန်းထက်ပိုလွန်၍ ရေးဆွဲသတ်မှတ်ထားခြင်း ဖြစ်သည်။ စတင်ထုတ်စဉ်မှ ယခုအထိ ဇော်ဂျီဖောင့်တွင် မြန်မာဂလစ်ဖ်များသာ ကိုယ်ပိုင်ဖြစ်ပြီး နိုင်ငံတကာဂလစ်များမှာ (Roman, Symbols, etc.) Microsoft ၏ Tahoma ကို ဆက်လက်ထည့်သွင်းထားခြင်း ဖြစ်သည်။
၂ဝဝ၅-၁၂-၁၃ နေ့တွင် မြန်မာ အင်ဖိုတက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Solveware Solution မှ မူပိုင်ခွင့် အလွဲသုံးစားမှုဖြင့် Alpha Computer ကို ပြစ်တင်ခဲ့သည်။ [5] ထို့နောက် ရက်ပိုင်းအတွင်း ဇော်ဂျီဖောင့်တွင် "Powerred by MyaZeDi" မူပိုင်ခွင့်မှတ်တမ်း ဖြုတ်ခဲ့သည်။ [6] ထိုအချိန်တွင် Alpha သည်လည်း ၄င်း၏ သီးသန့် ဇော်ဂျီဖောင့် ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၂ဝဝ၇-ခုနှစ်တွင် Myanmar Computer Professional Association (MCPA) မှပေးအပ်သော Excellent Award ကို မြန်မာဇော်ဂျီ ယူနီကုတ်အဖွဲ့က ရရှိသည်။[7]
ဇော်ဂျီယူနီကုဒ်ဖောင့်ကို ၂ဝဝ၅-ခုတွင် Zawgyi အဖွဲ့ မှ စတင် ထုတ်ဝေခဲ့ပါသည်။ ၂ဝဝ၆-ခုတွင် PDF ပုံနှိပ်ထုတ်ဝေခြင်း အဆင်ပြေရန် ပြုပြင်ခဲ့ပါသည်။ ၂ဝဝ၈-ခုတွင် အသုံးပြုသူများ တောင်းဆို ချက်အရ --္ဘ နောက်တစ်ခုနှင့် bug fix နှစ်ခု ထည့်သွင်းခဲ့ပါသည်။
ယနေ့ထိတိုင် ဇော်ဂျီယူနီကုဒ်ဖောင့် ကို ဇော်ဂျီအဖွဲ့မှ ဦးဆောင်၍ Alpha Info-Tech ၏ အဓိက နည်းပညာပံ့ပိုးမှုများ၊ အခြား third-party developer များ၏ ပံ့ပိုး ဖြည့်စွက်တီထွင်မှုများဖြင့် ဇော်ဂျီသာမက ဆက်စပ်စနစ်များအားလုံးကို တိုးတက်အောင် ပြုလုပ်လျှက်ရှိပြီး ဖြန့်ချိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် အစဉ်အမြဲ အခမဲ့ ဖြန့်ချိမည်ဟု ဆိုပါသည်။ [8]။ အိုင်တီနယ်ပယ်မှ အမည်မဖေါ်သူ ပညာရှင် ၅ဦးဖြင့် ပါဝင် ဖွဲ့စည်းထားသော www.zawgyi.net သာလျှင် Official ZawGyi Myanmar Font website ဖြစ်ပါသည် ဟုဆိုပါသည်။ [9]

ဇော်ဂျီယူနီကုဒ် နည်းပညာ နှင့် မြန်မာ့အင်တာနက် အကျိုးသက်ရောက်မှု

ဇော်ဂျီယူနီကုဒ် နည်းပညာသည် မြန်မာ အင်တာနက် အသုံးပြုမှုကို အရှိန်အဟုန် မြင့်တင်စေခဲ့ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် သည် Platnet Myanmar မှစ၍ လူသုံးများလာခဲ့ပါသည်။ နောက်ပိုင်း blogger များမှာ ဇော်ဂျီယူနီကုဒ်ဖောင့် ကိုသာ သုံးစွဲကြပါသည် ။ ယခုအချိန်တွင် မြန်မာသုံးစွဲသူ၏ Operating System တွင် ဇော်ဂျီယူနီကုဒ်ဖောင့် ရှိပြီးဖြစ်သဖြင့် သော်၎င်း၊ အလွယ်တကူ ဇော်ဂျီယူနီကုဒ်ဖောင့်ကို ရရှိနိုင်ခြင်းတို့ကြောင့် မြန်မာဝတ်ဆိုက်များ မှာ download link ပေးရန် မလိုအပ်ပေ။
ဇော်ဂျီယူနီကုဒ်ဖောင့်သည် မြန်မာဝတ်ဆိုက်များ သာမက gtalk များတွင်လဲ အသုံးများလျှက်ရှိပါသည်[10]။ သို့သော် စာစီစာ ရိုက်လုပ်ငန်းများတွင် အသုံးပြုခြင်းနည်းပါးခဲ့သည်။
ဇော်ဂျီယူနီကုဒ်ဖောင့်သည် ClearType Technology ကိုကောင်းစွာ အသုံးပြုထားသဖြင့် အခြား Unicode Font များထက် LCD screen တွင် သိသိသာသာ ချောမွတ်မှု ရှိပါသည်။
ဇော်ဂျီယူနီကုဒ်ဖောင့်၏ အားနည်းချက်များမှာ စံယူနီကုပ် မဟုတ်သည့်အပြင် codepoint ဖောင်းပွခြင်းနှင့် အစဉ်အတည်ကျမရှိခြင်း ဖြစ်သည်။ ဥပမာ စံယူနီကုပ်တွင် ရရစ်ကို codepoint တစ်ခုတည်း ရှိသော်လည်း ဇော်ဂျီတွင် ရှစ်ခု ရှိလေသည်။ ထိုအကြောင်းများကြောင့် ဤဝီကီ Interwiki Link များတွင် မကိုက်ညီမှု၊ ရှာရခက်ခဲ့မှု များရှိသည်။
ဇော်ဂျီဖောင့် အသုံးများရခြင်း အကြောင်းအရင်း တစ်ခုမှာ မြန်မာဘာသာနှင့် သက်ဆိုင်သော Unicode ပြုပြင်ခြင်း အပြီးမသတ် နိုင်သောကြောင့် ဖြစ်ပါသည်။ ၂ဝဝ၈-ခု၊ ဧပြီလ (၄)ရက်နေ့ပြဋ္ဌာန်း သော Unicode 5.1 မှာ မူအားဖြင့် ခိုင်မာခြင်းရှိသော်လည်း ဇော်ဂျီယူနီကုဒ်ဖောင့်သည် လောလောဆယ်ထိ လိုက်နာခြင်းမရှိပါ။ လိုက်နာခဲ့လျှင်လည်း ယခုသုံးနေသော် ဇော်ဂျီစာများဖြင့် ကိုက်ညီမှု မရရှိနိုင်ပေ။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် မည်သည့် Unicode version မျှ လိုက်နာခြင်းမရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် နောင်တစ်ချိန်တွင် သုံးမရမည်လောဟု သံသယများ ရှိနေပါသည်။

တိုင်းရင်းသား ဘာသာစာများ

စံယူနီကုဒ်ဖောင့်များတွင် မြန်မာ တိုင်းရင်းသား ဘာသာစာ ၆ မျိုးပါဝင်သောလဲ ဇော်ဂျီဖောင့်တွင် တိုင်းရင်းသား ဘာသာစာများ မပါရှိပေ။ သို့သော် ဇော်ဂျီဖောင့် ကိုချဲထွန်၍ ပြုလုပ်ထားသော ကရင်ဘာသာအတွက် ဇွဲကပင်ဖောင့် [11]၊ မွန်ဘာသာအတွက် ကော်မလိတ်မန်ညိဖောင့် [12] တို့ ရှိကြသည်။ ဇောဂျီအဖွဲ့သည် အခြား ဘာသာများကို ထပ်မံထည့်သွင်းပေးသွားမည်ဟုလည်း ပြောကြားထားသည်။

စံယူနီကုဒ် ၅.၁ နှင့် ဇော်ဂျီယူနီကုဒ် နှိုင်းယှဉ်ချက်

[hide] Unicode versus Zawgyi-One
Unicode Zawgyi-One
Bigger version here. Uncolored version here.
     Myanmar      Shan      Mon      Sanskrit and Pali
     S'gaw Karen      Western Pwo Karen      Eastern Pwo Karen      Geba Karen
     Kayah      Rumai Palaung      No character
Bigger version here. Uncolored version here.
     Myanmar      No character for pseudo-Unicode      No character

Zawgyi အားအခြေခံ၍


Zawgyi 2009

ဇော်ဂျီ ၂၀၀၉ ကို ကိုစိုးမင်းက ပြုလုပ်ခဲ့ပြီး rendering system ကို ထည့်သွင်းခဲ့သည်။ ထို့ကြောင့် မြန်မာ unicode တွင် ရရှိသော feature များကဲ့သို့ ရက်ပင့် ရက်ရစ် အကြီးအသေးပြောင်းပေးခြင်း ၊ ရေးခါ အကြီးအသေး ပြောင်းပေးခြင်းတို့ ပါဝင်လာသည်။ ထို့အပြင် KeyMaster ဟုခေါ်သော program အား input method အသစ်အဖြစ် ထပ်မံပါဝင်လာသည်။ သို့သော် keymagic သည် windows တစ်ခုတည်းသွင်းတာ အသုံးပြုနိုင်လေသည်။ ၂၀၀၉ ဟာ backward comparable အဖြစ် ထွက်လာသော်လည်း ၂၀၀၉ တွင် တရားဝင်ဖြန်ချိနိုင်ခြင်းမရှိသေးပါ။ တိုင်းရင်းသား စာလုံးများ မထည့်ခင်အထိသာ backward comparable ဖြစ်နိုင်ပြီး ထည့်ပြီးချိန်တွင် 5.2 Standard နှင့် code point ၄ခုသာ storage တွင် ကွာခြားမည်ဖြစ်သည်။ ယင်းတို့မျှာြ --ွ --ှ ဖြစ်ပြီး ဇော်ဂျီမှ ဦးစွာထည့်သွင်းထားသည်နှင့် တနေရာကွဲလွဲ၍ စတန်းဒတ်တွင် ထည့်သွင်းမိသောကြောင့် ဖြစ်သည်။ ၂၀၀၉ ၏ အခြားထူးခြားချက်မှာ မှားယွင်း ရိုက်သွင်းမှု့အချို့ကို အလိုလိုရေးထုံးမှန်အောင်ပြုပြင်ပေးခြင်းဖြစ်သည်။

ဇင်ယော် ဇီဝဇိုး

ဇင်ယော် နှင့် ဇီဝဇိုး font သည် ဇော်ဂျီ font အားအခြေခံထားပြီး စာလုံး design များ ပြောင်းလဲထားခြင်းသာဖြစ်သည်။ စာလုံး design များကို slayeroflion က ရေးသားထားခြင်းဖြစ်ပြီး OFL အနေနဲ့ ပေးထားခြင်းဖြစ်သည်။

Mobile


iPhone

iPhone Zawgyi သည် saturngod ပြုလုပ်ထားခြင်းဖြစ်ပြီး jailbreak လုပ်ထားသော ဖုန်းများတွင် မြန်မာစာရိုက်လို့ရရန်နှင့် ဇော်ဂျီနှင့်ရေးသားထားသည်များကို ဖတ်လို့ရရန် ဖန်တီးထားခြင်းဖြစ်သည်။ zawgyi 2009 ဖြင့် ရေးသားထားသော စာများ ကောင်းမွန်စွာမပေါ်ပေ။ iPhone Zawgyi ကို saturngod ၏ blog တွင် iPhone/iPod Touch Zawgyi Keyboard and Font Package ဟူသော post အမည်ဖြင့် ရေးသားထားသည်။

Windows Mobiles

Zawgyi SoftKeyboard for Windows Mobile ကို ကိုအာကာမျိုး ပြု့လုပ်ထားခြင်းဖြစ်ပြီး.. WM 5 နောက်ပိုင်း Windows Mobile Phone များတွင်အသုံးပြု့နိုင်ပါသည်။ Sms နှင့် Mobile Office များတွင် အသုံးပြု့နိုင်ပါသည်။ Zawgyi on Pocket Pc
http://arkar.info/download.zip

Android

Android တွင် Myanmar Fonts (Zawgyi နှင့် Myanmar3) ကို အသုံးပြု့၍ရနိုင်ရန် ko Sean Lin မှပြု့လုပ်ခဲ့ပြီး Android အတွက် download လုပ်ရန် Fallback Fonts များနှင့် root လုပ်ပုံ အဆင့်ဆင့်ကို ၄င်း၏ Web site ဖြစ်သော http://seanlin.me/ တွင် ဖော်ပြထားပါသည်။

Support


Font download


Keyboard layout


Online Editor


Zawgyi Input Method

  • Wait Zar - Romaized Myanmar Input System
  • Linux KB - Linux Keyboard
  • Mac KB Mac OS X Keyboard
  • Keymaster Keymaster for zawgyi 2009
  • Burglish - Input System and Various Language Tools for Burmese script
  • Alpha Zawgyi - a bundled solution by the Zawgyi Font publisher
  • KeyMagic - Unicode Keyboard Input Customizer/Input Method Editor

Zawgyi convertor

  • Prince Ka Naung - Unify Converter Engine (LGPL) - WinInnwa, CE Fonts, Wwin_Burmese, Gandamar Fonts, King Fonts, Metrix, Academy, Zawgyi, UniBurma, Myazedi, Myanmar3, PadaukOT, Parabaik, UniMM ဒီဖောင့်တွေ ကိုတစ်ခုမှတစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။
  • Laikpyar Convertor - Online convertor for Zawgyi <> Unicode 5.1
  • On-the-fly convertor (LGPL) - HTML header တွင် fly.js ထဲ့၍ webpage ကို အသုံးပြုသူ၏ browser တွင် Zawgyi <> Unicode 5.1 ပြောင်းလဲပေးသည်။
  • Unicode 5.1 To Zawgyi 2009 GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ၂၀၀၉ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
  • Unicode 5.1 To Zawgyi GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
  • Unicode 5.1 To Zawgyi 2009 Bookmark - မည်သည့် browser တွင်မဆို အသုံးပြုနိုင်သော Unicode 5.1 To Zawgyi 2009 bookmark ဖြစ်သည်။

References

  1. The truth about Zawgyi font
  2. When will Zawgyi be Unicode 5.1 compatible?
  3. Why Zawgyi was awarded 2007 MCPA Excellent Award?
  4. Zawgyi Group
  5. Myazedi-Zawgyi Issues1
  6. 2005 myazedi press release
  7. Award
  8. Zawgyi Font Official Site
  9. Zawgyi Font Official Site
  10. Alpha Zawgyi Myanmar Unicode System
  11. ဇွဲကပင်
  12. tapautabuo

အခြား ကိုးကား

  1. Wiki Myanmar

Phone Ringtone ကို ကိုယ်တိုင်ပြုလုပ်လိုသူများအတွက်....Phone Ringtone ကို ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် အကောင်းဆုံးနေရာလေးတစ်ခုလေးတစ်ခုကတော့... www.cellsea.com ဆိုတဲ့ ဆိုက်လေးပဲ ဖြစ်ပါတယ်... Website မှာ ဖုန်းအတွက် လိုအပ်တဲ့ သီချင်းလေးတွေကို စိတ်ကြိုက် Ringtone ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပိုမိုပြည့်စုံတာကတော့ ကိုယ်တိုင်မပြုလုပ်ချင်သူတွေအတွက်လည်း အသင့်ပြုလုပ်ပြီးသား Ringtone လေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ Ringtone အဖြစ် ပြောင်းချင်တဲ့သီချင်းကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားလို့ဖြစ်စေ၊ ၀က်ဘ်ဆိုက်ပေါ်မှာ တင်ထားတယ်ဆိုရင်လည်း လင့်ကိုသေချာ Upload ပြုလုပ်ပြီး တင်ပေးရမှာဖြစ်ပါတယ်။ Ringtone မပြုလုပ်တတ်တဲ့သူတွေအတွက် အဆင်ပြေပြေနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် စမ်းသပ်ကြည့်ဖို့တော့ တိုက်တွန်းလိုက်ပါရစေနော်.....

Phone Ringtone ကို ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် အကောင်းဆုံးနေရာလေးတစ်ခုလေးတစ်ခုကတော့... www.cellsea.com ဆိုတဲ့ ဆိုက်လေးပဲ ဖြစ်ပါတယ်... Website မှာ ဖုန်းအတွက် လိုအပ်တဲ့ သီချင်းလေးတွေကို စိတ်ကြိုက် Ringtone ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပိုမိုပြည့်စုံတာကတော့
ကိုယ်တိုင်မပြုလုပ်ချင်သူတွေအတွက်လည်း အသင့်ပြုလုပ်ပြီးသား Ringtone လေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ Ringtone အဖြစ် ပြောင်းချင်တဲ့သီချင်းကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားလို့ဖြစ်စေ၊ ၀က်ဘ်ဆိုက်ပေါ်မှာ တင်ထားတယ်ဆိုရင်လည်း လင့်ကိုသေချာ Upload ပြုလုပ်ပြီး တင်ပေးရမှာဖြစ်ပါတယ်။ Ringtone မပြုလုပ်တတ်တဲ့သူတွေအတွက် အဆင်ပြေပြေနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် စမ်းသပ်ကြည့်ဖို့တော့ တိုက်တွန်းလိုက်ပါရစေနော်.....


ှSmart Phone ကိုင်ဆောင်ထားတဲ့သူတွေအတွက်...

ှSmart Phone ကိုင်ဆောင်ထားတဲ့သူတွေအတွက်....www.hovr.com က အကောင်းဆုံးနေရာလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖုန်းတစ်လုံး ကိုင်ဆောင်ထားသူတွေ မဖြစ်မနေ ၀င်ရောက်လေ့လာသင့်ပြီး မိုဘိုင်းဂိမ်း အထူးပြုဝက်ဘ်ဆိုက်လေးတစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်မှာသာ အသင်းဝင်ထားမယ်ဆိုရင် ဂိမ်းတွေကို ၀င်ရောက်ဆော့ကစားနိုင်မှာဖြစ်ပြီး အောင်မြင်မှုတွေအတွက် ဆုတွေတောင် ရရှိနိုင်ပါတယ်။  ဒီဝက်ဘ်ဆိုက်ကနေတစ်ဆင့် အခြားမိုဘိုင်းဂိမ်းဝက်ဘ်ဆိုက် Forum တွေကို လမ်းညွှန်ပေးထားတဲ့အတွက်ကြောင့်လည်း ၀က်ဘ်ဆိုက်ပေါင်းစုံကို အလည်အပတ်သွားရောက်လိုက်ရသလိုတော့ ခံစားသွားရနိုင်ပါတယ်။ ဖုန်းကိုင်ဆောင်သူတစ်ယောက်အတွက် ဂိမ်းဆိုတာလည်း အပျင်းပြေစရာနေရာလေးဖြစ်တဲ့အတွက် အမှန်တကယ် သွားရောက်ဆော့ကစားကြည့်သင့်ပါတယ်.....

Ringtone များရယူရန် နေရာသစ်လေးတစ်ခု......

Phone Ringtone တွေကို အမျိုးအစားစုံလင်စွာနဲ့ Download ပြုလုပ်ရယူနိုင်စေမယ့် Website လေးကတော့ http://www.audiko.net လေးပါ... သူက Android, iPhone အစရှိတဲ့ ဖုန်းတွေထက် Ringtone တွေရယူနိုင်မှာဖြစ်ပြီး Ringtone တွေကိုလည်း အမျိုးအစားအလိုက် ခွဲခြားဖော်ပြထားပါတယ်။ ဆိုက်မှာရှိပြီးသား Ringtone တွေကိုအခမဲ့ Download ပြုလုပ်ရယူနိုင်သလို စိတ်ကြိုက်သီချင်းတွေကိုလည်း ဆိုက်မှာ Upload ပြုလုပ်ပြီး Ringtone ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Download မပြုလုပ်ခင် စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်မှာဖြစ်ကာ စိတ်ကြိုက် Ringtone တွေ့မှ Download ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ Ringtone တွေကို Favorite Ringtones, SMS Ringtone စသဖြင့် ကဏ္ဍတစ်ခုစီရဲ့အောက်မှာ သီချင်းအမည်တွေနဲ့ ဖော်ပြပေးထားသလို Myanmar Top Artists ကဏ္ဍမှာလည်း သီဆိုသူနဲ့ သီချင်းအမည်တို့ကို တွဲဖက်ဖော်ပြပေးထားပါသေးတယ်။ တေးသီချင်းတွေက ပြုလုပ်ထားတဲ့ Ringtone အပြင် ရုပ်ရှင်ဇာတ်လမ်းတွေထဲက Ringtone တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

iPhone/iPad/iPod များအားမြန်မာဖောင့်ထည့်သွင်းနည်း

iPhone/iPad/iPod တွေကို မြန်မာဖောင့်ထည့်ဖို့ဆိုရင်တော့  အရင်ဆုံး Jailbreak လုပ်ထားဖို့လိုပါတယ် Jailbreak မလုပ်ရသေးရင်တော့  ဒီမှာလေ့လာပါ
iPhone/iPad/iPod များအားJailreak ပြုလုပ်နည်း


Jailbreak လုပ်ပြီးပြီဆိုရင်တော့
  1. Cydia ထဲကိုဝင်ပါ
  2. iPhone/iPod မှာဆိုရင်တော့ Manage ကိုသွားပြီး Sources ထဲဝင်လိုက်ပါ  iPad မှာဆိုရင်တော့  Sources ထဲကိုဝင်လိုက်ပါ
  3. ပြီရင်တော့ Edit ကိုနှိပ်လိုက်ပါ
  4. ပြီးရင်တော့ Add ကိုနှိပ်လိုက်ပါ
  5. http://cydia.macforus.com ကို add  Sources လုပ်လိုက်ပါ
  6. ပြီးရင်တော့ Restat springboard (or) Return to cydia ထဲကိုဝင်နှိပ်လိုက်ပါ
  7. ပြီးရင်တော့ cydia>Mac for US Repo>MMKeyboard for iOS5+ ကိုနှိပ်လိုက်ပါ ပြီးရင်ဘယ်ဘက်ထောင့်က install ကိုနှိပ်လိုက်ပါ confirm မေးလျှင်ထပ်ပေးလိုက်ပါပြီး၇င် restart springboard ကိုနှိပ်လိုက်ပါ
  8. နောက်တစ်ဆင့်ကတော့ Cydia>Mac for US Repo>Zawgyi iOS 4.3 Font ကိုနှိပ်လိုက်ပါ ပြီးရင်ဘယ်ဘက်ထောင့်က install ကိုနှိပ်လိုက်ပါ confirm မေးလျှင်ထပ်ပေးလိုက်ပါပြီး၇င် restart springboard ကိုနှိပ်လိုက်ပါ
  9. ပြီးရင်တော့ setting>general>keyboard>international keyboard>add new key board>Czech ကိုရွေးလိုက်ပါ
  10. အဲဒါဆိုရင်တော့ Keyboard နေရာလေးမှာ Earth ပုံလေးနဲ့မြန်မာဖောင့်ပြောင်းလို့ရပါပြီ
  11. ဒါဆိုရင်တော့မြန်မာဖောင့်သွင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်
  12. DON’T FORGET TO SAY THANK IF YOU LIKE MY POST

Model နိမ့်Android ဖုန်းပိုင်ရှင်များအတွက် GameBooster (root) v1.2

တချို့သူငယ်ချင်းတွေရှိတယ်.......ကိုယ့်ဖုန်းက..Model နိမ့်ပေမယ့်.......
ဆော့ချင်တာကတော့..တကယ့် အကြီးကြီးတွေ........
အဲ့လိုလူမျိုးတွေအတွက်..ရည်ရွယ်ပြီးထုတ်ထားတဲ့ apk တစ်ခုပါ......
Android Version 2.2 နဲ့အထက်တွေအသုံးပြုနိုင်ပါတယ်............
နောက်ပြီး.....ဖုန်းကလည်း Root လုပ်ပြီးသားဖြစ်ရပါမယ်..........
အဲ့ဒါဆိုရင်တော့ အဆင်ပြေပါပြီ.......
စမ်းချင်တယ်ဆိုရင်တော့ယူသွား...
File Size ကလည်း တကယ့် ပိစိလေးပါ...
~~~~Comment တစ်ကြောင်းက ...ကျွန်တော့်အတွက်..အသက်ရှူမှန်စေပါတယ်~~~~

Download ပြုလုပ်ရန်

♣GSM Internet Setting တည့်နည်း(for Android)♣

သိတဲ.သူ ရှိသလို မသိတဲ. သူတွေ လဲ. ရှိနိုင် တဲ. အတွက် တင်ပေးလိုက်ပါတယ် ခင်ဗျာ။
Android V4.0.3 သုံးသူများ အတွက်
Setting ——-> More ————>Mobile Networks ————-> Access Point Names ကို ၀င်ပါ။
အခြား Version များအတွက်
Setting —–>Wireless and Network——>Mobile networks——>Access Point Names ကို ၀င်ပါ။
Access Point Names ကို ရောက် လျှင် ညာဘက် အစွန်းဆုံး က တုတ်ချောင်းလေး သုံးချောင်း (MEMU) ကို နှိပ်ပါ။
ပြီးရင် New APN ကို နှိပ်ပါ။ Settting တွေ စတည်.ပါတော.မယ်။
Name —————> MPT
APN —————-> mptnet
Username ———> mpt
password ———-> မဖြည့်ပါ။
MCC —————> 414
MNC—————-> 01
Authentication type —-> CHAP ကိုရွှေးပါ။
APN type ———-> Internet ကိုရွေးပါ။
Menu ကို နှိပ်ပြီး Save ကို နှိပ်ပါ။ MPT ကို ON ပေးပါ။
Data enabled ကို on ပေးလိုက် ပါ။ E ကို တွေ.ရပါလိမ့်မယ်။
အောင်မြင်ပါစေ ခင်ဗျာ။
Name —————> mptnet
APN —————-> mptnet
Username ———> မဖြည့်ပါ။
password ———-> မဖြည့်ပါ။
MCC —————> 414
MNC—————-> 01
Authentication type —->None ကိုရွှေးပါ။
APN type ———-> မဖြည့်ပါ။
Good Luck ! huawei u 8661 setting are not same with samsung.later enable data.i m alrdy hold that phone.
မှတ်ချက်။ ။ MMAS မှကူးယူပြီး ပြန်လည်ဖြန့်ဝေလိုက်ပါတယ်ခင်ဗျ...

ANDROID ဖုန်းများအတွက် ဆော့ဝဲလ် နှင့် ဂိမ်းလေးများ စုစည်းမှု

ဖုန်းကိုကိုင်လိုက်တာနဲ့အော်တိုဖုန်းကိုင်ပြီးသားဖြစ်စေမယ့်ဆော့ဝဲလ်
live wallpaper လေးပါ

ပရိတ်ကြီး၁၁သုတ်နှင့်မေတ္တာပွားနည်း အစရှိတဲ့ဂုဏ်တော်ကွန်ချာတွေကိုပါရွ...

talking rapper လေးပါ
ဖုန်းထဲမှာတင်ဓါတ်ပုံလှလှလေးတွေလုပ်ကြမယ်
Pandaapp
အဲဒီလင့်မှာ Fast Download ကိုနှိပ်ပြီး ဒေါင်းပါ apk file တခုကျလာပါလိမ်.မယ်။ 1GB ရှိပါတယ်..။
ရလာတဲ. apkကို rename မှာ .rar လို.ပြောင်းပြီး zip file အဖြစ်နဲ. ဖြည်လိုက်ပါ။ အဲဒီထဲမှာမှ apk file အစစ်နဲ.
Data file အစစ်ထွက်လာပါလိမ့်မယ်....ကဲ ဆော့ကြည့်လိုက်ပါဦးနာမည်ကြီးကားပြိုင်ဂိမ်းလေးပါ)
(mi file explore အလန်းလေးပါ)
(အကြွေစေ့လေးတွေနဲ့ကစားမယ်)
(drag racing game)
(ဖုန်းကိုသွက်သွက်လက်လက်လေးဖြစ်စေမယ့်ဆော့ဝဲလ်)
(အိမ်လေးတွေဆောက်မယ်)
(လမ်းမှန်အောင်လျှောက်နိုင်မလားဂိမ်းလေးပါ)
(ဒိုင်နိုဆောတွေနဲ့ကစားမယ်)
(ဂစ်တာတီးမယ်)
(အင်္ဂလိပ်မြန်မာအဘိဓာန်)
(ဓါတ်ပုံလေးတွေကိုရယ်စရာလေးတွေဖန်တီးနိုင်တဲ့ဆော့ဝဲလ်လေးပါ)
(effect တွေပါတဲ့ကင်မရာလေး)
(hockey ကစားမယ်ဗျာ)
(ဖုန်းတွင်အင်တာနက် speed
ကိုမြင့်ပေးမယ့်ဆော့ဝဲလ်)

(ရေထဲမှာစီးမယ်)
(နေရာင်ခြည်နဲ့အားသွင်းမယ်)
(သူခိုးဂိမ်းလေးပါ)
(bluetooth ထက်အရမ်းမြန်တဲ့ဆော့ဝဲလေးပါ)
(ဂိုးစကိုးလ် အမြန်ကြည့်လို့ ရတဲ့ စော့ဝဲလေးပါ)

တွေ့မိတာလေးကို ပြန်လည်မျှဝေပါတယ်နော်...
အဆင်ပြေကြပါစေ

Guitar တီး..၀ါသနာပါသူများအတွက်.. Game ကောင်းလေးတစ်ခုပါ။

Guitar တီး..၀ါသနာပါသူများအတွက်.. Game ကောင်းလေးတစ်ခုပါ။
ဒီတစ်ခါမှာတော့.. Android phone နဲ့.. guitar တီးလို့..ရပါပြီ။..
မတီးတတ်သောသူများအတွက်လည်း.. တီးပုံတီးနည်းကို.. ဖော်ပြပေးထားပါတယ်။
လက်ကွက်များကိုလည်း..ပြသထားတာကြောင့်..အဆင်ပြေပြေ..တီးနိုင်မှာပါ။
Guitar ၀ါသနာအိုးများ.. Download ဆွဲလိုက်ကြပါဦးနော်... ^_^

Download

Facebook Password တွေရိုက်ထည့်လိုက်ရင်တွေ့မှာပါ.....

အလုံးလုံးလေးတွေပေါ်တယ်လေ....အဲ့ဒါကိုရိုက်ထည့်လိုက်တဲ့စာသားအဖြစ်ပြန်ပြောင်းတဲ့နည်းပါ...

ကျွန်တော်လည်းရှာဖွေရင်းနဲ့...youtube မှာတွေ့လာတာ....ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...

ပထမတော့ဒီလိုပုံပေါ့....

အဲ့မှာ..password နေရာကအလုံးလုံးတွေကို...select မှတ်ပြီး...Right click>>>>Inspect Element ကိုနှိပ်ပေးလိုက်......
အဲ့လိုဆိုရင်...အောက်ကပြထားတဲ့ပုံအတိုင်း....Box တစ်ခုကျလာလိမ့်မယ်....
ကျွန်တော်မျှားပြထားတဲ့"password"  ဆိုတဲ့စာသားကိုselect မှတ်လိုက်.....


''password" ဆိုတဲ့စာသားနေရာမှာ..''text" လို့ပြောင်းပေးလိုက်...Enter ခေါက်လိုက်ပေါ့....

ဒါဆိုရင်တော့...password ကိုစာသားအနေနဲ့မြင်ရပြီပေါ့......Reload ပြန်လုပ်ပေးရင်တော့...အလုံးလုံးလေးတွေပဲပြန်မြင်ရပါလိ့မ်မယ်.....

အွန်လိုင်းမှာ မြန်မာဘာသာပြန်နိုင်ပြီ

facebook ပေါ်မှာတွေ့တာလေးတွေ ပြန်လည်မျှဝေလိုက်ပါတယ်နော်။
အစစအရာရာတိုးတက်နေပြီး ဘာသာစကားတွေနဲ့ လေ့လာစရာတွေ များတဲ့ ချိန်ခါကြီးမှာ ဘာသာ (၂၄)ဘာသာကို မြန်မာလို ပြန်ဖို့အတွက် website လေးတစ်ခုပဲ သိဖို့လိုအပ်ပါတော့တယ်တဲ့။
Website လေးကတော့ http://www.myordbok.com ပါ။
Site လေးထဲကိုဝင်ပြီးရင် ကိုယ်သိချင်တဲ့ဘာသာစကားနဲ့ ရိုက်လိုက်ပါ။ ပြီးရင် မြန်မာဆိုတာကိုရွေးပြီး Search လုပ်ပေးလိုက်တာနဲ့ (Enter ခေါက်လိုက်တာနဲ့) မြန်မာဘာသာကို တန်းပြန်ပေးနိုင်ပါပြီ။ ကဲ အဆင်မပြေပေဘူးလား?
အသံထွက်လေးတွေပါ ပါလို့  ကြိုက်ပါတယ်။ အွန်လိုင်းမှာ ဘာသာစကားလေ့လာလို့လည်း အဆင်ပြေပါလိမ့်မယ်။
မသိသေးတဲ့ သူငယ်ချင်းလေးတွေအတွက် အဆင်ပြေလိမ့်မယ်ထင်ပါတယ်နော်။

သရုပ်ပြပုံလေးတွေတောင်ပါလိုက်သေး

English to Myanmar
Hebrew to Myanmar
Greek to Myanmar
Portuguese to Myanmar
French to Myanmar
Dutch to Myanmar
Arabic to Myanmar
Spanish to Myanmar

Europe

Norwegian to Myanmar
Finnish to Myanmar
Romanian to Myanmar
Polish to Myanmar
Swedish to Myanmar
Danish to Myanmar
German to Myanmar
Russian to Myanmar

Asia

Japanese to Myanmar
Chinese to Myanmar
Korean to Myanmar
Malay to Myanmar
Filipion to Myanmar
Vietnamese to Myanmar
Thai to Myanmar
Hindi to Myanmar
Facebook ပေါ်မှာ ပြန်လည်ဝေငှပါသည်။
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။