Wednesday, August 29, 2012

key logger and key logger detector

အဆဲခံရမှာလဲ ကြောက်ရသေးဟီး အဲ့တော့ ...crack တော့ပေးတော့ဝူး ကလိသာကြည့်ကြပေါ့ ...ကိုယ့်ဘော်ဘော်တေရဲ့  Gmail တေကိုလေ...
                                                            ဒီမှာယူပါ

                ဒါကဖြေဆေး key logger detector ပေါ့ သတ်တော့သတ်ဘူး နော် key logger ဘယ်နေရာမှာရှိနေပါတယ် ဆိုတာလောက် ကို ပြပေး.နိုင်တဲ့ portable လေးပါ..အဲ့ဒါက
                                                            ဒီမှာဒေါင်းပါ    

Memory 1GB ကို 2 GB ပြောင်ပေးတဲ့ဆော့လ်ဝဲလေးပါ

Memory 1GB ကို 2 GB ပြောင်ပေးတဲ့ဆော့လ်ဝဲလေးပါ။ပြုလုပ်ရတာလွယ်ပါတယ်...ကျွန်တော်စမ်းကြည့်ပြီးပါပြီ။
လိုချင်ရင်အောက်မှာယူလိုက်ပါ။
http://mir.cr/07WTIWK4

online video +TVကြည့်ချင်သူများအတွက်ပါ...

ရုပ်ရှင်ကြိုက်တဲ့သူငယ်ချင်းတွေအတွက်ပါ....ဆော့လ်ဝဲလေးကိုဒေါင်းပြီး အင်စတော လုပ်လိုက်ပါ...ရုပ်ရှင်ကာတွေစုံ
ပါတယ်....ကျွန်တော်ဆိုနေ့တိုင်ကြည့်တယ်...တရုပ်ဘာသာနဲ့ပါ...ပြောင်းတတ်တဲ့သူပြောင်းပေါ့...ကျွန်တော်တော့မ
ပြောင်းတတ်လို့ဒီအတိုင်ဘဲကြည့်ပါတယ်...လိုချင်တဲ့သူများအတွက်ပါ...တစ်ခြားလုပ်လို့ရတာတွေအများကြီးကျန်ပါသေ
တယ်...

http://www.mediafire.com/?e5dqx7f3nwdp6ax

ကိုယ့်မျက်နှာမြင်မှComputer ပွင့်စေမဲ့ဆော့လ်ဝဲ

ကိုယ့်မျက်နှာမြင်မှcomputer ပွင့်စေမဲ့ဆော့လ်ဝဲလေးပါ...ရြှိပီးတဲ့သူများsorryပါနော်...မရှိသေတဲ့သူတွေအတွက်ပါ..
လိုချင်ရင်အောက်မှာယူလိုက်နော်....Destop တွေမှာပါသုံးလို့ရပါတယ်...

http://download.cnet.com/O2Face/3000-2144_4-10892514.html?part=dl-1...

Proxy Switcher PRO v3.9.0.4059

Proxy Switcher PRO v3.9.0.4059


ပိတ်ထားတဲ့ ဝက်ဆိုဒ်တွေကို ကျော်ခွချင်တဲ့ အခါကျရင် သုံးတဲ့ Proxy Softwares တစ်မျိုးပဲ။ ဒီ Proxy Switcher PRO v3.9.0.4059 မှာ သူကို အသုံးပြုနည်းပါ flash Video နဲ့ သေသေချာချာ ရှင်းပြပေးထားပါတယ်။ အထဲမှာ Serial number ထည့်ထားပါတယ်။ 3.MB လောက်ပဲ ရှိပါတယ်။ လိုအပ်တယ် ဆိုရင်' ဒီမှာ downloads  လုပ်လိုက်ပါ။
Key: VMTV2-5AXHQ-UNPHO-AN11Y-NP2XI
အမျိုးအစား: Proxy

Mozilla Firefox ထက်ဆယ်ဆမြန်တဲ့ Maxthon 3

Mozilla Firefox ထက်ဆယ်ဆမြန်တဲ့ Maxthon 3 ပါ။သုံးရတာလွယ်ကူပါတယ်..ညယ add on မှထည့်စရာမလိုပါဘူး...သူမှာအကုန်ပါပြီးသာပါ။ဒါပေမဲ့သူက myanmar 3 ကို sport မလုပ်ပါဘူး။ဇော်ဂျီတောပအလုပ်လုပ်ပါတယ်..မြန်မာ 3 တော့မရပါဘူး...
စမ်းသုံးကြည့်လိုက်ပါ။ကြိုက်သွားစေရမယ်....ဟီးးးးးးး
http://www.maxthon.com/    မူရင်းလင့်မှာယူလဲရပါတယ်....

http://www.mediafire.com/?5neq2o1t32i47hb    ဒီမှာလဲယူလို့ရပါတယ်...
မသိသေတဲ့သူတွေအတွက်ပါ...

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်


ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 

Windows 7 Desktop Context Menu မှာ ကိုယ်ပိုင်နာမည်ထည့်ရအောင်




မင်္ဂလာပါဗျာ ကျွန်တော်တို့ Windows 7 Desktop Context Menu မှာ ကိုယ်ပိုင်နာမည်လေးတွေထည့်ကြည့်ရအောင်ပါ.............အပေါ်ကပုံကတော့ Desktop Context Menu ထဲမှာ icon လေးတခုနဲ့ Mintun
ဆိုတဲ့ နာမည်လေးထည့်ထားတာပါ.............သယ်ချင်းတို့ စက်မှာလဲ စမ်းထည့်ကြည့်ချင်ရင် ကျွန်တော်နဲ့ အတူ လိုက်လုပ်ကြည့်လိုက်ပါနော်...............

ပထမဆုံး RUN မှာ regedit လို့ရေးပြီး enter ခေါက်လိုက်ပါ Registry editor  လေးပွင့်လာပါလိမ့်မယ် ပြီးရင်
HKEY_CLA****_ROOT >> DesktopBackground >> Shell အထိအဆင့်ဆင့် ၀င်သွားလိုက်ပါ............
aရာက်ပြီဆိုရင်တော့ Shell ပေါ်မှာ Right Click ဖိပြီး New >> Key ကိုကလစ်လိုက်ပါ.................



ကီးအသစ်လေးရဲ့ နာမည်ကို စိတ်ကြိုက်မှတ်မိလွယ်သလို ပေးနိုင်ပါတယ်............
ပြီးရင် ကီးအသစ်လေးကို Select ပေးပြီး တဘက်က ( Default ) ဆိုတာလေးကို ၂ ချက် ကလစ်လိုက်ပါ..........
ပွင့်လာတဲ့ ဘောက်လေးထဲက Value data ဆိုတာကို ( ~~~Min Tun ~~~ ) ဆိုတာမျိုးလေး မြင်စေချင်တဲ့နာမည်လေးရေးလိုက်ပါ.......

ပြီးရင်တော့ Default အောက်မှာ တချက်ကလစ်လိုက်ပါ...............New >> String Value တခုအသစ်ထည့်ပါမယ်



ွှအဲဒီ String Value အသစ်လေးရဲ့ နာမည်ကိုတော့ icon ဆိုပြီး ပေးလိုက်ပါ နာမည်ရှေ့က Icon လေးအတွက်ဖြစ်လို့ ပေးချင်သလို ပေးလို့မရပါဘူး icon ဆိုတာကိုမှားရေးလို့မရပါဘူး..........သူ့အပေါ်မှာ ၂ ချက်ကလစ်ပြီး သူရဲ့ Value ကိုတော့ နှစ်သက်လို့ ထည့်ချင်တဲ့ Icon လေးရဲ့ Location name + Icon Name + .ico ဆိုပြီးထည့်ရမှာပါ............Icon ပေါ်မှာ Right Click ပေးပြီး Properties ထဲက Security ရဲ့ အောက်မှာရှိတဲ့ object name ဆိုတာရဲ့ နောက်က နာမည်လေးထည့်ပေးလိုက်လဲရပါတယ်............



ပြီးရင်နောက် String Value တခုထက်ဖွင့်ပါမယ်............တည်နေရာအတွက်ပါ.........နာမည်ကို position လို့ပေးပြီး Value ကိုတော့
အပေါ်မှာနေစေချင်ရင် top, အောက်မှာနေစေချင်ရင် bottom လို့ ပေးလိုက်ပါ
ဒါဆို Windows 7 Desktop Context Menu မှာ ကိုယ်ပိုင်နာမည်နဲ့ ကိုယ်ပိုင် အမှတ်သားလေးရသွားပါပြီ............ကျေးဇူးပါဗျာ

YoUtuBe မှာသွားကြည့်ချင်ရင်တော့ >>>> http://www.youtube.com/watch?v=6MUgrrCUtb0&feature=plcp
မှာကြည့်ရှု့နိုင်ပါတယ်........

Monday, August 27, 2012

Blog အလှဆင်ရန် Website များ

   အင်တာနက်မှာ Blog ရေးသားသူတွေ၊ အခမဲ့အသင့် Website ဖန်တီးသူတွေအတွက် မိမိတို့ရဲ့ Website (or) Blog ကိုအလှဆင်ရန် အောက်ပါ Website များကို ဖော်ပြပေးလိုက်
ပါတယ်။ အဲ့ဒီ Website တွေထဲမှာ မိမိဖန်တီးလိုတာတွေ တော်တော်များများပါဝင်ပါလိမ့်မယ်။
http://winkkk.com
http://www.wishafriend.com
http://www.funscrape.com
http://www.mynicespace.com
http://www.spicecomments.com
http://www.playcomments.com
http://www.thugtags.com
http://www.fodey.com
http://www.avatarsdb.com
http://www.glitter-graphics.com
http://www.mastergreetings.com
http://www.jellymuffin.com
http://www.crazyprofile.com
http://www.myspaceanimations.com
http://www.layoutcodez.net
http://www.zwani.com
http://www.myspacegraphicsandanimations.com
http://www.myspacedev.com
http://www.orkutuncle.com
http://www.alegoo.com
http://www.mudtrap.com
http://media.photobucket.com
http://www.superpimper.com
http://www.yourcommentcodes.com
http://www.bigoo.ws
http://www.myorkutglitter.com
http://www.wondericons.com
http://www.getgreatcodes.com
http://www.postpalace.com
http://www.myniceprofile.com
http://pimpmyspacelayouts.net
http://www.skamu.com
http://www.impimages.com
http://www.friends18.com
http://glitterbell.com
http://www.gifzona.com
http://www.pimpinup.com
http://www.animationlibrary.com
http://www.123friendster.com
http://www.heathersanimations.com
www.msprofiles.com
 www.pimp-my-profile.com
 www.blingyblob.com
 www.myflashfetish.com
www.slide.com
 www.freeweblayouts.net
 www.freecodesource.com
www.layoutjungle.com
 www.glittergraphics.us
www.myhtmlhelp.com
 www.sendmeimages.com
 www.htmldog.com

Webpage ကို PDF file ပြောင်းမယ်

ကျွန်တော်အစက Webpage ကို PDF Flile နဲ့ လိုချင်တုန်းက ဆို တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ အဲဒီတုန်းက ဖိုတိုရှောပ်ကို တော်တော်လေးကို လေ့လာဖြစ်ခဲ့သေးတာကိုး ။ အဲဒါကို သူပေးတဲ့ နည်းကို လိုချင်ရင် ပုံတွေနဲ့ ပြပေးတော့ အဲဒီနည်းကို ကြိုက်တယ်ဆိုရင် PDF file ဒါမှ မဟုတ် ။ Capture Add-On ကို သုံးပြီး JPG ဓါတ်ပုံဖိုင်နဲ့ သိမ်းထားတာ ။ အဲသလို... တော်တော်လေးကို ဒုက်ခရောက်ခဲ့တာ ။ PDF File တစ်ခါတစ်ခါပြောင်းတာနဲ့ တော်တော်ကို ဟန်းသွားတာ Firefox က စိတ်တော်တော်ညစ်ဖို့ ကောင်းတာ ။
ခုတော့ ကျွန်တော် Webpage တွေကို PDF file ပြောင်းဖို့ နည်းတွေတော်တော်လေးကို ရလာတယ် ။ Gmail ကနေ တစ်မိနစ်စောင့်ပြီး လုပ်တာတို့တွေပေါ့ဗျာ ။ ခုရေးစာကလည်း Add-On ပါပဲဗျာ ။ ပိုမြန်တာပေါ့ ။ Gmail ကနေ လုပ်တာက ခဏစောင့်ရဦးမယ် ။
အလုပ်နည်းနည်းရှုပ်ဦးမယ်....ဒီကောင့်လေးကို သုံးလိုက်ရင် မြန်မြန်ဆန်ဆန်ပဲဗျာ ။အဲဒီဝက်ဆိုဒ်ရဲ့ ကောင်းမှုပါပဲဗျာ ဒီကောင်က ။ ပြီးတော့ သာတာ တစ်ခုရှိသေးတယ် ။ ဒေါင်းလုပ်လို့ရရုံတင် မကဘူး ။တစ်ခါတည်း Google Doc ကို လည်းတစ်ခါတည်း ပို့နိုင်သလို ။ သူငယ်ချင်းတွေကိုလည်း ပို့ပေးလို့အောင်လည်း လုပ်လို့ရပါသေးတယ် ။ ဒါပေမယ့် မြန်မာဆိုဒ်တွေတော့ မရကြောင်းပါ ။
နောက်တစ်ခုကြေညာဝင်ချင်ပါသေးတယ်ဗျာ ။ ခုကျွန်တော်ဆိုဒ်သစ်ကို အပြီးပိုင်ပြောင်လိုက်ပါပြီ ။ ပြီးတော့ ဆိုဒ်က ဓါတ်ပုံတွေ သီချင်းတွေ အလကား နည်းပညာနဲ့မဆိုင်တာတွေကို အပြီးပိုင်ဖြုတ်ပေးလိုက်ပါပြီ ။ ကျွန်တော်ဆိုဒ်က နည်းပညာတစ်ခုတည်းနဲ့ပဲ ရေးသွားတော့မှာပါ ။ ဆိုဒ်အသစ်ကိုလာလည်ကြပါဦးလို့ ။ နဂိုက Member ဝင်ထားတဲ့သူတွေလည်း တတ်နိုင်ရင် ပြန်ဝင်ပေးပါဦးလို့ ။ အသစ်လည်း ထပ်ဝင်ပေးပေါ့ဗျာ :) တော်ပါပြီ တော်ကြာနေ အမြင်ကတ်ခံနေရဦးမယ်..........
စောနက Add-On လုပ်နည်းကို ရေးပေးပါဦးမယ် ။ Add-On လုပ်နည်းတွေကို ကျွန်တော်မကြာခဏရေးပေးနေပါတယ် ။ လုပ်တတ်ပြီးသားဆိုရင် လည်း လင်ခ့်အတိုင်းသွားပြီး ကိုယ့်ဖာသာကိုယ်လုပ်လိုက်ရုံတင် ။ ကျွန်တော်တော့ မလုပ်တတ်သေးတဲ့သူတွေအတွက် ဆက်ရေးဦးမယ်ဗျာ...
ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE, Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။
ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။

WiFi ကို နားလည်ကြည့်ခြင်း

အင်တာနက်ရတဲ့ ကော်ဖီဆိုင်တွေ မြို့ပြရဲ့ ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာပါတယ်။  ကော်ဖီဆိုင်ကို ကွန်ပျူတာလေး ကိုင်ဝင်လာ၊ ဆိုင်ရှင်ဆီမှာ password တောင်းပြီး ကော်ဖီတစ်ခွက် ကျပ် ၅၀၀ နဲ့ မှာသောက်ကာ တစ်နေကုန်နီးပါးလောက် အင်တာနက် ထိုင်ကြည့်ရတာ တွက်ချေကိုက်တယ်လို့ ယူဆတဲ့ လူငယ်တွေကြားမှာ ကော်ဖီဆိုင် အင်တာနက်ဟာ ရေပန်းစားလာတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ လေဆိပ်၊ ကော်ဖီဆိုင်၊ စာကြည့်တိုက်၊ ဟိုတယ် တစ်ခုခုထဲကို ကိုယ်ရောက်နေပြီဆိုရင် ကြိုးမဲ့ကွန်ရက် ဆက်သွယ်ရေးစနစ် (wireless network) ထဲ ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

အဲဒီ ကြိုးမဲ့ကွန်ရက် ဆက်သွယ်ရေးစနစ်ကိုပဲ Wi-Fi သို့မဟုတ် 802.11 networking လို့ ခေါ်ကြတယ်။ အိမ်မှရုံး၊ ရုံးနှင့်အိမ် အပြန်အလှန် ဆက်သွယ်နိုင်ဖို့ အင်တာနက်ကို သုံးကြတယ်။ ကွန်ရက်တွေ တည်ဆောက် ကြတယ်။ ဈေးနှုန်းတွေ လျှော့ချလာကြတယ်။ ယခင် အင်တာနက်သုံးနိုင်ဖို့ ကွန်ပျူတာနဲ့ ကြိုးတွေ မျက်စိနောက်လောက်အောင် ဆက်သွယ်ရာကနေ ကြိုးမဲ့ကွန်ရက်ကြောင့် ကြိုးမပါ ဆက်သွယ်လာနိုင်ကြတယ်။ အနာဂတ်မှာ အင်တာနက်ဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ လူတန်းစားမရွေး သုံးနိုင်မယ့် စနစ်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။

Wi-Fi ဆိုတာ ခေတ်သစ်မှာ အကျိုးတရားများတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ကြိုးမဲ့ အသုံးပြုနိုင်တာကြောင့် တပ်ဆင်စရိတ် ကျဉ်းတယ်။ လွယ်လည်း လွယ်တယ်။  အမြင်မှာ ရှုပ်ထွေးမနေတဲ့အပြင် တပ်ဆင်ထားတယ်ဆိုတာတောင် သိနိုင်မှာ မဟုတ်ဘူး။ Hotspot လို့ ခေါ်တဲ့ အင်တာနက်သုံးနိုင်တဲ့ ဧရိယာအတွင်းကို ရောက်နေပြီဆိုရင် လက်ပ်တော့လေး ဖွင့်ပြီး အလွယ်သုံးလိုက်လို့ ရတယ်။

Wi-Fi ဆိုတာ ဘာလဲ

ကြိုးမဲ့ ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်ပြီး ရေဒီယိုလှိုင်းကို အသုံးပြုတဲ့ ကွန်ရက်စနစ်တစ်ခုလို့လည်း ဆိုနိုင်တယ်။ ခုခေတ် သုံးနေကြတဲ့ ဆဲလ်ဖုန်း၊ တယ်လီဗေးရှင်းနဲ့ ရေဒီယိုတွေဟာ ရေဒီယိုလှိုင်း (radio wave) နဲ့ အသုံးပြုနေတယ်လို့ ဆိုနိုင်တယ်။ ဆက်သွယ်ရေးစနစ်မှာ ကြိုးမဲ့ ဝါယာလက်စနစ်ကို အသုံးပြုခြင်းကြောင့် ရေဒီယိုဆက်သွယ်ရေးမှာ နှစ်လိုင်း (two-way) စနစ်နဲ့ ဆက်သွယ်လာနိုင်တယ်။ ဘာကြောင့် အဲဒီလို ဆက်သွယ်လာနိုင်တာလဲဆိုတော့

၁။ ကွန်ပျူတာမှာ သုံးတဲ့ ကြိုးမဲ့ adapter က data တွေကို radio signal တွေအဖြစ် ပြောင်းပြီးတော့ အင်တီနာ (antenna) ကတစ်ဆင့် ပို့ဆောင်ပေးနိုင်တယ်။
၂။ ကြိုးမဲ့ router က ပေးပို့လိုက်တဲ့ signal တွေကို ဖမ်းပြီးတော့ ကုတ်တွေကို ပြန်ဖော်ပေးတယ်။  Router က အချက်အလက်တွေကို အင်တာနက်ထဲ ကြိုးတပ်ထားတဲ့ Ethernet ဆက်သွယ်ရေးစက်က တစ်ဆင့် ပြန်ပို့ပေးတယ်။ အဲဒီဖြစ်စဉ်ကို ကြည့်ရင် router က အင်တာနက်ထဲက အချက်အလက်တွေကို လက်ခံတယ်။ ရေဒီယို signal တွေအဖြစ် ပြောင်းတယ်။ ကွန်ပျူတာ ကြိုးမဲ့ adapter ဆီကို ပြန်ပို့တယ်ဆိုတဲ့ သုံးရပ်ကို သွားတွေ့ရမှာ ဖြစ်တယ်။ ရေဒီယိုတွေ အသုံးပြုတဲ့ Wi-Fi ဆက်သွယ်ရေးဟာ walkie-talkies, cell phones နဲ့ အခြားပစ္စည်းတွေမှာ ဆက်သွယ် ပြောဆိုနိုင်ဖို့ ရေဒီယိုစနစ်နဲ့ အတူတူပါပဲ။ ရေဒီယိုလှိုင်းတွေကို ပို့လွှတ်နိုင်တယ်။ ပြန်ပြီး လက်ခံနိုင်တယ်။ ဒါကြောင့်လည်း two-way လို့ ပြောတာပါ။ ရေဒီယိုလှိုင်းတွေကို ပို့လွှတ်မှုနဲ့ လက်ခံမှုတွေမှာ လှိုင်းတွေကို 0 နဲ့ 1 တွေ အဖြစ် ပြောင်း၊ ပြီးတော့ 0 နဲ့ 1 တွေကို လှိုင်းတွေအဖြစ် ပြန်ပြောင်းပြီး ဆက်သွယ်မှုတွေ လုပ်ကြတယ်။ Wi-Fi ရေဒီယိုတွေဟာ အခြား သာမန်ရေဒီယိုတွေနဲ့ ကွာခြားမှုတော့ ရှိတယ်။
Wi-Fi ရေဒီယိုတွေက

- Frequency တွေကို 2.4GHz သို့မဟုတ် 5 GHz နဲ့ ပို့လွှတ်နိုင်စွမ်း ရှိတယ်။ အဲဒီ ဖရီကွင်စီဟာ ဆဲလ်ဖုန်း၊ ဝေါ်ကီတော်ကီနဲ့ တယ်လီဗေးရှင်းတွေမှာ သုံးတဲ့ ဖရီကွင်စီထက် ပိုမြင့်တယ်။ ဖရီကွင်စီမြင့်လေ signal တွေက data တွေကို ပိုပြီး များများ သယ်ဆောင်နိုင်လေ ဖြစ်တယ်။
-  802.11 ဆိုတဲ့ networking standard ကို Wi-Fi မှာ သတ်မှတ်သုံးစွဲခြင်းဟာ ကောင်းကျိုးများစွာ ရရှိစေခဲ့ပါတယ်။ 802.11a စံနှုန်းဟာ 5GHz အမြန်နှုန်းနဲ့ တစ်စက္ကန့်ကို  54 megabits အထိ သယ်ဆောင်ပေးနိုင်စွမ်း ရှိတယ်။ OFDM (orthogonal frequency-division multiplexing) ကို အသုံးပြုထားတဲ့အတွက် ပိုပြီး ထိရောက် စွမ်းဆောင်နိုင်တဲ့ coding  စနစ်ကို ဖော်ဆောင်နိုင်တယ်။ ရေဒီယို signal တစ်ခုထဲမှာ signal အခွဲပေါင်းများစွာကို ရေဒီယို  receiver ဆီ မရောက်မချင်း အမျိုးမျိုး ခွဲထုတ်သွားနိုင်စွမ်း ရှိတယ်။ အဲဒီလို signal အခွဲပေါင်းများစွာကို တစ်လိုင်းတည်းကနေ သယ်ဆောင်သွားရပေမယ့် တစ်ခုနဲ့တစ်ခု နှောင့်ယှက်မှုလည်း မရှိနိုင်ဘူး။

ဆိုလိုတာက အသံတွေ၊ ဒေတာတွေ ရောထွေးမှု မဖြစ်နိုင်ဘူး။ 802.11b ကတော့ အနှေးဆုံးဖြစ်ပြီး ဈေးလည်း အသက်သာဆုံး standard တစ်ခု ဖြစ်တယ်။ ဈေးသက်သာလို့ လူကြိုက်များတယ်လို့ ပြောပေမယ့် နောက်ပိုင်း သူ့ထက်မြန်တဲ့ စနစ်တွေကို သုံးမယ်ဆိုရင် ဈေးက သိပ်မကွာတာကြောင့် လူတွေက မြန်နှုန်းမြင့်တာကိုပဲ ပိုပြီးတော့ စိတ်ဝင်စားလာကြတယ်။ 802.11b  ဟာ ဒေတာတွေကို အမြန်နှုန်း 2.4GHz ဖရီကွင်စီလောက်နဲ့ပဲ ရေဒီယိုလှိုင်းတွေကို ပို့ဆောင်နိုင်တယ်။ တစ်စက္ကန့်ကို ဒေတာတွေ သယ်ဆောင်ရာမှာလည်း 11 megabits လောက်ပဲ သယ်ဆောင်နိုင်တယ်။ ကုတ်တွေကို ဖန်တီးရာမှာတော့ CCK (complementary code keying) စနစ်နဲ့ ပြောင်းလဲနိုင်ပြီး သူသယ်ဆောင်နိုင်စွမ်း ရှိတဲ့ လိုက်ဖက်တဲ့ speed လို့ ဆိုနိုင်တယ်။

802.11g  ကလည်း 802.11b လိုပဲ ဒေတာတွေကို ပို့ဆောင်တဲ့စနစ် ဖြစ်ပေမယ့် ပိုမြန်တယ်။ တစ်စက္ကန့်ကို 54 megabits အထိ ဒေတာတွေကို သယ်ပို့ပေးနိုင်တယ်။ 802.11g ဟာ ပိုမြန်ရတာက 802.11a မှာလိုပဲ OFDM ကုတ်စနစ်ကို အသုံးပြုထားတာကြောင့် ဖြစ်တယ်။ 802.11n ကတော့ နောက်ဆုံးပေါ် standard တစ်ခုဖြစ်ပြီး ကျယ်ပြန့်စွာ သုံးစွဲနေကြပြီ ဖြစ်တယ်။ နောက်ဆုံးပေါ်လည်းဖြစ် speed ကလည်း ပိုမြန်၊ သုံးနိုင်တဲ့ခွင် (range) ကလည်း ပိုကျယ်ပြန့်လာတာကြောင့် လူကြိုက် ပိုများတယ်။ ဥပမာ 802.11g ဟာ သီအိုရီအရ တစ်စက္ကန့်ကို  54 megabits ဒေတာတွေကို သယ်ဆောင်ပေးနိုင်တယ် ဆိုပေမယ့် တကယ်သုံးကြည့်တော့ 24 megabits လောက်ပဲ ရတာ တွေ့ရတယ်။ Networking အပိုင်းမှာ ပိတ်ဆို့ ကြပ်ညပ်နေတဲ့အတွက် ဖြစ်ပါတယ်။ 802.11n ဟာ ခုဆိုရင် တစ်စက္ကန့်ကို 140 megabits speed နဲ့ အမြန်ဆုံး သယ်ဆောင်နိုင်စွမ်း ရှိနေပြီ။

- အခြား 802.11 standard တွေလည်း ကြိုးမဲ့ကွန်ရက်အတွက် သုံးတာတွေ ရှိသေးတယ်။ ဥပမာ WAN (wide area networks) လိုမျိုးပေါ့။ ကားမောင်းနေရင်း သုံးနိုင်သလို  တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု ပြတ်တောက်မသွားနိုင်တဲ့ စနစ်မျိုး ဖြစ်တယ်။
- Wi-Fi ရေဒီယိုတွေက frequency band သုံးမျိုးနဲ့ လှိုင်းတွေကို ပို့လွှတ်နိုင်တယ်။ အခြား band တွေကို frequency hop နည်းနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်တယ်။ ဖရီကွင်စီတွေ hop ဖြစ်နေရင် တစ်ခုနဲ့တစ်ခု အနှောင့်အယှက်ကင်းသလို ပစ္စည်းမျိုးစုံနဲ့လည်း ဆက်သွယ်မှုစနစ် တစ်ခုတည်းမှာ တွဲသုံးနိုင်တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာမှာ wireless adapter တွေကို အသုံးပြုကြတဲ့အတွက် router တစ်ခုမှာ အင်တာနက် ချိတ်လိုက်တာနဲ့ အခြားပစ္စည်းစုံမှာလည်း အင်တာနက် သုံးနိုင်လာတယ်။ ဒီလို ဆက်သွယ်ရေးစနစ်ဟာ ပိုပြီးတော့ အဆင်ပြေစေတယ်။ကြိုးတွေလည်း မမြင်ရ၊ စရိတ်လည်း သက်သာစေတယ်။

ဒါပေမယ့် router က အလုပ်မလုပ်ရင် သို့မဟုတ် high-bandwidth application တွေကို လူတွေ တစ်ပြိုင်တည်း တစ်ချိန်တည်း ဝိုင်းသုံးနေမယ် ဆိုရင်တော့ ပြတ်တောက်တာမျိုးတွေ ဖြစ်သွားနိုင်တယ်။ Wi-Fi Hotspots အများပြည်သူသုံး အခမဲ့ အင်တာနက် သို့မဟုတ် Wi-Fi Hotspot တွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ပန်းခြံ၊ လေဆိပ်၊ စာကြည့်တိုက်စတဲ့ နေရာတွေမှာ စီစဉ်ပေးထားတယ်။ အဲဒီ hotspot နဲ့ အင်တာနက်သုံးနိုင်ဖို့အတွက် ကိုယ့်ကွန်ပျူတာ သို့မဟုတ် laptop ဟာ အဆင့်မြင့်ဖို့ လိုတယ်။ နောက်ပိုင်းပေါ်တဲ့ desktop နဲ့ laptop တွေမှာ wireless transmitter တွေကို ထည့်ပေးလိုက်တဲ့အတွက် အဲဒီ hotspot နေရာတွေမှာ သုံးလာနိုင်တယ်။ တကယ်လို့ ကိုယ့်ကွန်ပျူတာမှာ အဲဒီလို wireless adapter ပါမလာဘူးဆိုရင် ကတ်တစ်ကတ် သို့မဟုတ် USB နဲ့ ချိတ်သုံးရတဲ့ adapter တစ်လုံး ဝယ်ရမယ်။

နောက်ပိုင်းထွက်တဲ့ adapter တွေကလည်း 802.11 standard တွေ ဖြစ်တာကြောင့် သုံးလို့ ရနိုင်တယ်။ ကွန်ပျူတာပေါ်မှာ အဲဒီ ကြိုးမဲ့ adapter ကို တပ်ဆင်ပြီး driver ကိုပါ တင်ထားလိုက်ရင် တစ်ကြိမ်တည်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရနိုင်တဲ့  network တွေကို သိနိုင်တယ်။ ဆိုလိုတာက Wi-Fi hotspot ရတဲ့ နေရာတွေမှာ ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ network နဲ့ ချိတ်ပြီးသား ဖြစ်လိမ့်မယ်။ ကွန်ပျူတာ အဟောင်းတွေမှာတော့ အဲဒီလိုရဖို့ သိပ်မသေချာဘူး။ အများပြည်သူသုံး hotspot နေရာတွေမှာ အင်တာနက် သုံးချင်သူတွေက ချိတ်ဆက်တဲ့ နည်းစနစ်လေးတွေကိုတော့ သိဖို့ လိုတယ်။ ကြိုးမပါဘဲ ကိုယ့်ပတ်ဝန်းကျင်က network တွေ၊ ကွန်ပျူတာတွေကို သိနိုင်တာကြောင့် သတိတော့ထားရတယ်။ အချိန်မရွေး ကိုယ့်ကွန်ပျူတာကို ကိုယ့်ပတ်ဝန်းကျင်က ဝင်ရောက် ထိုးဖောက်နိုင်တယ်။

Wireless Network တစ်ခု တည်ဆောက်ခြင်း

ကိုယ့်အိမ် သို့မဟုတ် ရုံးမှာ ကွန်ပျူတာတွေအများကြီးနဲ့ ချိတ်ဆက်ထားတာဆိုရင်  wireless network အတွက် wireless access point ကို သီးခြား သတ်မှတ်ပေးရမယ်။ လက်ရှိကြိုးတွေနဲ့ Ethernet network စနစ်ကို သုံးနေဆဲဆိုရင် သူ့နေရာမှာ wireless router တစ်လုံးကို ပြောင်းသုံးဖို့ လိုတယ်။ ပုံမှန် router တစ်လုံးကို ဆင်မယ်ဆိုရင် လိုအပ်တာတွေက

၁။ DSL modem သို့မဟုတ် ကြိုးတပ်ဖို့ port လိုတယ်
၂။ Router တစ်လုံး လိုတယ်
၃။ Ethernet hub တစ်လုံး လိုတယ်
၎။ Wireless Access Point လိုတယ်

Wireless router က wireless signal  တွေ ဖမ်းဖို့ဖြစ်ပြီး၊ Ethernet ကြိုးတွေက ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး သို့မဟုတ် ပရင်တာ သို့မဟုတ် အင်တာနက်ရအောင် ချိတ်ဆက်ဖို့ ဖြစ်တယ်။ ဒီတော့ ကြိုးနဲ့လည်း သုံးလို့ရတယ်၊ ကြိုးမဲ့လည်း သုံးနိုင်တယ်လို့ ပြောချင်တာပါ။ Router တွေဟာ ပေ ၁၀၀ (၃၀.၅မီတာ) ပတ်လည်လောက်ကို ဆက်သွယ်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ပတ်လည်မှာ နံရံတွေကာ၊ တံခါးတွေ ပိတ်ထားရင်တော့ signal တွေ ပိတ်ဆို့နေလိမ့်မယ်။ အိမ် သို့မဟုတ် ရုံးက သိပ်ကျယ်နေရင် router ရဲ့ range ခွင်ကို ပိုပြီး ကျယ်ပြန့်စွာ ရနိုင်အောင် range extender သို့မဟုတ် repeater လို ဟာမျိုးတွေကို ထပ်ဆင့် အပိုဆောင်းပြီး တပ်ဆင်ဖို့ လိုတယ်။

ကြိုးမဲ့ adapter တွေအနေနဲ့ သုံးတဲ့ router တွေဟာ 802.11 standard တစ်ခုခု ဖြစ်ဖို့တော့ လိုတယ်။ 802.11b router တွေဟာ ဈေးနည်းနည်း ပိုပြီးတော့ သက်သာတယ်။ ဒါပေမဲ့ အဲဒီ standard က နည်းနည်း ခေတ်နောက်ကျသွားပြီ။ 802.11a, 802.11g နဲ့ 802.11n router တွေထက် ပိုနှေးတာကြောင့် ဝယ်ရင်လည်း စဉ်းစားရမယ်။ အများစု အသုံးများတာကတော့ 802.11g ကိုပဲ သုံးလေ့ရှိပြီး speed ကလည်း လက်ခံနိုင်တဲ့ အနေအထားမှာ ရှိတယ်။ Router မှာ ချိတ်လိုက်တာနဲ့ သူ့ default setting တွေက စတင်ပြီး အလုပ်လုပ်လိမ့်မယ်။ Router အများစုဟာ   Web interface တွေကို သုံးပြီး setting တွေကို ပြောင်းသွားလိမ့်မယ်။ ကိုယ်က ဘာတွေ ရွေးချယ်ပေးနိုင်သလဲ ဆိုရင်

- Network ရဲ့ name, ကိုယ့်ကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနရဲ့ SSID (Service Set Identifier) တွေ လိုတယ်။ Default setting ဟာ များသောအားဖြင့် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အမည် ဖြစ်လေ့ရှိတယ်။
- Router အသုံးပြုတဲ့ channel ဟာ များသောအားဖြင့် ၆ လိုင်းလောက် ရတတ်တယ်။ မသုံးချင်တဲ့ လိုင်းကိုလည်း ရှင်းထုတ်ထားလိုက်လို့ ရတယ်။
- Router ရဲ့ security နဲ့ ပတ်သက်ပြီး သူ့ standard, sign-on တွေ ရှိတတ်တယ်။ Username နဲ့  password တွေကို ထားခြင်းဖြင့် ကာကွယ်မှုတွေ လုပ်ထားနိုင်တယ်။ Security ဟာ အရေးကြီးပါတယ်။ အိမ် သို့မဟုတ် ရုံးမှာ သုံးသည်ဖြစ်စေ၊ Wi-Fi hotspot မှာသုံးသည်ဖြစ်စေ security ကို ဂရုစိုက်ရတယ်။ 

ကိုယ်ပိုင် Webpage လေးတစ်ခု ဖန်တီးပြချင်......

HTML ကို Edit လုပ်ပေးတဲ့ IDE ထဲမှာ လက်ရှိ လူသူအများဆုံးကတော့ Dreamwaver Software ပဲ ဖြစ်ပါတယ်။ Dreamwaver Software ကို HTML မရေးတက်တဲ့သူတွေကအစ အသုံးပြုလို့ရပါတယ်။
ဒီသင်ခန်းစာမှာ Beginner များအတွက် Dreamwaver ကို သုံးပြီး ကိုယ်ပိုင် Webpage လေးတစ်ခု ဖန်တီးပြမှာ ဖြစ်ပါတယ်။ `

ကျွန်တော်တို့ ပထမဦးဆုံး Website တစ်ခု မဖန်တီးခင် Mycomputer ထဲက D: မှာ Project အမည်နဲ့ Folder တစ်ခုကို ကြိုတင်ပြုလုပ်ထားလိုက်ပါ။ ထို့ Project Folder ထဲတွင် BusinessSite အမည်ဖြင့် Folder အသစ်တစ်ခုထပ်ပြုလုပ်ထားလိုက်ပါ။

၁။ Dreamwaver Software ကို ဖွင့်လိုက်ပါ။

ထို့နောက် ပုံမှာပြထားတဲ့အတိုင်း “Create New” အောက်မှာရှိတဲ့ “Dreamweaver Site” ကို Click နှိပ်လိုက်ပါ။

dreamweaver site

Site Definition Box ကျလာပါက “BusinessSite” ဆိုပြီး အမည်ပေးပြီး Next ကို နှိပ်လိုက်ပါ။ ဒီနေရာမှ မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလို့လည်းရပါတယ်။

site defiinition

ပုံတွင်ပြထားသည့်အတိုင်း ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါ။
Define a New Site in Dreamweaver CS4


ကျွန်တော်တို့ အခုနက ကြိုတင်တည်ဆောက်ခဲ့တဲ့ Project Folder ထဲမှ BusinessSite ကို လမ်းကြောင်းရွေးချယ်ပေးပြီး Next ကို နှိပ်လိုက်ပါ။ Folder မဆောက်ရသေးတဲ့သူတွေကတော့ ပုံမှာပြထားတဲ့အတိုင်း လမ်းကြောင်းနေရာမှာ ကျွန်တော်ပြထားတဲ့အတိုင်းရေးလိုက်ပါ။ ဒါဆို D: အောက်မှာ Project Folder ကို သူ့ဘာသာသူတည်ဆောက်ပေးပါလိမ့်မယ်။
site definition


None ကို ရွေးပြီး Next နှိပ်လိုက်ပါ။
site definition

ထို့နောက် Done ကို နှိပ်လိုက်ပါက ပုံတွင်ပြထားသည့်အတိုင်း မြင်တွေရရမှာဖြစ်ပါတယ်။ ထို့နောက် ကျွန်တော်တို့ ဓာတ်ပုံတွေသိမ်းဖို့အတွက် ညာဘက်ထောင့်မှာရှိတဲ့ Site - BusinessSite ကို နှိပ်ပြီး Right ClickNew Folder ကို ရွေးကာ images ဟုအမည်ပေးပြီး Folder တစ်ခုကို BusinessSite Folder အောက်မှာ ဆောက်လိုက်ပါတယ်။


Define a New Site in Dreamweaver CS4


အထက်ပါအဆင်များပြီးဆုံးပါက ကျွန်တော်တို့ Template တစ်ခုကို Create ပြုလုပ်ဖို့ File Menu အောက်က New ကို နှိပ်လိုက်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ‘Blank Template’ > Template Type: ‘HTML Template’ > Layout: ‘none’ ကို အဆင့်ဆင့်ရွေးလိုက်ပါ။
Create a template in Dreamweaver CS4


ထို့နောက် template ကို သိမ်းရန်အတွက် File အောက်မှ Save As ကို နှိပ်လိုက်ပါ။ ထို့နောက် template လို အမည်ပေးပြီး Save မှတ်လိုက်ပါ။ ဒါဆိုလျှင် template ကို မိမိရဲ့ BusinessSite ရဲ့အောက်မှာ Template Folder တစ်ခုကို တည်ဆောက်ပြီး template.dwt ဆိုပြီး Save မှတ်ပေးတာကို တွေ့ရမှာဖြစ်ပါတယ်။
Create a template in Dreamweaver CS4

Create a template in Dreamweaver CS4


ကျွန်တော်တို့ရဲ့ Template မှာ ဒီဇိုင်ပြုလုပ်ရန်အတွက် Layout သတ်မှန်ရန်အတွက် Insert > Layout Objects > Div Tag ကိုရွေးချယ်ကာ header ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
Design your template in Dreamweaver CS4


Design your template in Dreamweaver CS4


New CSS Rule Box ကျလာပါက #header လို့အမည်ပေးပါ။ New Style Sheet File ကို ရွေးပေးပြီး Ok ကို နှိပ်လိုက်ပါ။
Design your template in Dreamweaver CS4

styles လို့အမည်ပေးပြီး Save မှတ်လိုက်ပါ။
Design your template in Dreamweaver CS4


CSS Rule Box ကျလာပါက ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။ ဒီနေရာမှာတော့ ကျွန်တော်တို့ Tutorials ဖြစ်တဲ့အတွက် ကျွန်တော်လုပ်ပြထားတဲ့အတိုင်းပဲလိုက်လုပ်ပါ။ ပုံတွေကိုတော့
ဒီနေရာမှာ Download ပြုလုပ်ပြီး ပုံတွေကို Copy ကူးကာ မိမိပြုလပ်ထားတဲ့ D:>Project>images ထဲမှာ Paste လုပ်ထားလိုက်ပါ။ ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း လုပ်လိုက်ပါ။


Background ပုံထည့်ရန်အတွက် Browser ကို နှိပ်ကာ D:>Project>images ထဲက ကျွန်တော်တို့ သိမ်းထားတဲ့ header-bg ဆိုတဲ့ပုံကိုရွေးလိုက်ပါ။

Design the CSS Style Sheet in Dreamweaver CS4

header-css-box

ထို့နောက် Ok ကို နှိပ်လိုက်ပါက Insert Div tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးလျှင် Design ကို Click နှိပ်ပြီးကြည့်လိုက်ပါ။
Design the CSS Style Sheet in Dreamweaver CS4


ထို့နောက် ကျွန်တော်တို့ Layer နောက်တစ်ခုလုပ်ရန်အတွက် Window > CSS Styles ကို Click နှိပ်လိုက်ပါ။ ‘New CSS Rule’ icon ကို နှိပ်လိုက်ပါ။
Design the CSS Style Sheet in Dreamweaver CS4


ပြီးလျှင် အောက်မှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ။

- Selector type: Tag
- Selector Name: body
- Rule Definition: styles.css


OK
ကို Click နှိပ်လိုက်ပါ။
Design the CSS Style Sheet in Dreamweaver CS4


ပြီးလျှင်တော့ အောက်ကပုံအတိုင်းလေူ လုပ်လိုက်ပါ။ 0 ပဲပေးလိုက်ပါ။ ဒါမှ ဘယ်ညာနှစ်ဖက်လုံး အပြည့်ဖြစ်သွားမှာဖြစ်ပါတယ်။
Design the CSS Style Sheet in Dreamweaver CS4



ကျွန်တော်တို့ ‘Content for id “header” Goes Here’ ဆိုတဲ့နေရာမှာ Logo ထည့်မှာဖြစ်တဲ့အတွက် အဲ့ဒီစာသားတွေကို Delete လုပ်လိုက်ပါ။ ထို့နောက် Insert > Image ကို နှိပ်ပြီး Logo ပုံလေးကို ရွေးလိုက်ပါ။ ထို့နောက် alternate textါ်တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ကျွန်တော်ကတော့ BusinessSite Logo လို့အမည်ပေးလိုက်ပါတယ်။ ပြီးလျှင် OK နှိပ်လိုက်ပါ။
Insert Images in Dreamweaver CS4


ဒါဆို ကျွန်တော်တို့ရဲ့ Header မှာ ယခုလိုမြင်ရမှာဖြစ်ပါတယ်။
Insert Images in Dreamweaver CS4

ကျွန်တော်တို့ Logo ထည့်ထားတဲ့ header ကို Select လုပ်လိုက်ပါ။ အောက်ဆုံးမှာ ဒီလိုလေးတွေရမှာဖြစ်ပါတယ်။ မတွေ့တဲ့သူတွေကတော့ Select မှတ်တာမှားနေလို့ပါ။ မတွေ့ရင်လည်း Code ကို သွားပြီး အောက်မှာပေးထားတဲ့ Code ကိုရှာလိုက်ပါ။
Creating the Menu in Dreamweaver CS4

Select မှတ်ပြီးလျှင် Code ကို သွားပါ။ Header Code ကို Select မှတ်ပေးထားတာတွေ့ရပါမယ်။ အပေါ်က မတွေ့တဲ့သူတွေကတော့ ဒီ Code ကို ရှာလိုက်ပါ။
Creating the Menu in Dreamweaver CS4

Creating the Menu in Dreamweaver CS4


ကျွန်တော်တို့ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Code ရဲ့နောက်ဆုံးမှာ cursor လေး ချပြီး Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ menu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
Design your template in Dreamweaver CS4


ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: #menu
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #menu’Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Background> Background- image: images/menu-bg.jpg
  • Box > Width: 100%
  • Box > Height: 32px
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ပြီးလျှင်တော့ ကျွန်တော်တို့ Design ကိုရွေးပြီး ကြည့်လိုက်ပါ။ အခုလုပ်သွားတဲ့အဆင့်က အပေါ်က အဆင့်တွေအတိုင်းဖြစ်တဲ့အတွက် ပုံနဲ့တကွမရှင်းပြတော့ဘူးနော်။ မလုပ်တက်ရင် အပေါ်အဆင့်တွေကို သေသေခြာခြာပြန်ကြည့်ပါ။

ထို့နောက် Menu ပြုလုပ်ရန်အတွက် Content for id "menu" Goes Here ကို ဖျက်လိုက်ပြီး Insert > Image ကို နှိပ်ပြီး Home ပုံကိုရွေးပြီး မိမိကြိုက်နှစ်သက်တဲ့အည်ကိုပေးပြီး OK နှိပ်လိုက်ပါ။ ထို့နောက် Home ပုံလေးဘေးမှာ cursor ချပြီးအခုနကအတိုင်း Insert > Image ကို နှိပ်ပြီး ပုံးတွေရွေးပြီးအမည်တွေပေးလိုက်ပါ။ အဲ့ဒီမှာ Menu အတွက် about-us ၊ contact-us၊ services တွေရှိပါတယ်။ တစ်ခုစီရွေးပြီး လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်ကပုံအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။
Creating the Menu in Dreamweaver CS4



ကျွန်တော်တို့ Code ကို သွားလိုက်ပါ။
Creating the Menu in Dreamweaver CS4


ထို့နောက် မှာရေးထားတဲ့ အောက်မှာ ပြထားတဲ့ Code ကိုရှာပြီး ရဲ့နောက်မှာ cursor ချလိုက်ပါ။




ထို့နောက် အရင်အဆင့်တွေအတိုင်း Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ middle ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
Design your template in Dreamweaver CS4
ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: #middle
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #middle’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 100%
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ထို့နောက် Content for id "middle" Goes Here ကို Select မှာကာ Delete လုပ်ပြီး Insert > Layout Objects > Div Tag ကိုရွေးကာ submenu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: #submenu
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 25%
  • Box > Float: left
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ထို့နောက် မိမိရဲ့ submenu div တွင် Content for id "submenu" Goes Here ကိုတွေရပါမယ်။ ကျွန်တော်တို့ Code ကို သွားပြီး



ကိုရှာပြီး ရဲ့နောက်မှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် content ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: #content
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 75%
  • Box > Float: left
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
Content in Dreamweaver CS4


ထို့နောက် ကျွန်တော်တို့ CSS မှာ Body ကို ပြင်ရန်အတွက် Window > CSS Styles ကို နှိပ်လိုက်ပါ။ ထို့နောက် Body ကိုရွေးပြီး Right Click နှိပ်ပြီး Edit ကို ရွေးလိုက်ပါ။
Content in Dreamweaver CS4



ပုံမှာ ပြထားတဲ့အတိုင်းပြင်ပြီး Click နှိပ်လိုက်ပါ။
Content in Dreamweaver CS4


င်္Font ပြောင်းသွားတာကို တွေ့ရပါမယ်။
Content in Dreamweaver CS4

ကျွန်တော်တို့ footer အတွက် Div တစ်ခုထပ်လုပ်ပါမယ်။ သိတဲ့အတိုင်းပဲ Code ကို သွား ရဲ့နောက်ဆုံးမှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် footer ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: #footer
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for #footer Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Box > Width: 100%
  • Box > Height: 33 px
  • Box > Clear: both
  • Block > Text align: Right
  • Background> Background-image: footer-bg.jpg
  • Type > Color: #FFF
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးရင် Design Tag ကို နှိပ်ပြီးကြည့်လိုက်ပါ။ ထို့ နောက် ‘Content for id “footer” Goes Here’ ဆိုတဲ့ စာသားကို Select မှတ်ကာ မိမိကြိုက်တဲ့အမည်ပေးလိုက်။ ကျွန်တော်ကတော့ ‘© 2009 Company Name. All Rights Reserved.’ လို့ပေးလိုက်ပါတယ်။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
Content in Dreamweaver CS4

အခုဆိုရင်တော့ basic layout template လုပ်လို့ပြီးပါပြီခင်ဗျာ။ File > Save All ကိုနှိပ်ပြီး Save မှတ်လိုက်ပါ။

ဟူးးးးးးးးးးး ဖတ်တဲ့သူတွေတော့နားလည်မလည်မသိဘူး။ ရေးတဲ့ကျွန်တော်တော့ လက်တွေ တော်တော်ညောင်သွားပြီ။ ဒါကြောင့် ဒီမှာ ခဏနားမယ်။ ပြီးလျှင် ဒုတိယပိုင်း သင်ခန်းစာ (၂) ကိုရေးပြီး Dreamwaver CS4 နဲ့ အခြေခံ Website ပြုလုပ်နည်းကို ဆက်လက်ရှင်းပြပါမယ်။ Software မရှိသေးတဲ့သူတွေကတော့ Dreamweaver CS4 Portable ကို ဒီနေရာကနေ Download လုပ်လိုက်ပါ။

Webpage အတွက် ပုံတွေကို ဒီနေရာကနေရယူပြီး rar ဖိုင်ဖြေပြီး m51aimage ထဲက ပုံတွေကို Copy ကူးပြီး images အောက်မှာ သိမ်းလိုက်ပါ။

‘content’ div ထဲက ‘Content for id “content” Goes Here’ ဆိုတဲ့ စာသားကို ဖျက်ပြီး Insert > Template Objects > Editable Region ကို ရွေးလိုက်ပါ။
Insert Editable Regions in the Dreamweaver Template

New Editable Region တွင် content ဟု အမည်ပေးလိုက်ပါ။
Insert Editable Regions in the Dreamweaver Template


ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိ Templete ကို Save မှတ်လိုက်ပါ။
Insert Editable Regions in the Dreamweaver Template

ကျွန်တော်တို့ Page တစ်ခု ဖန်တီး၇န်အတွက်
  • File > New
  • Page From Template > BusinessSite > template
ကို ရွေးပြီး Create ကို နှိပ်လိုက်ပါ။ ထို့နောက် File Name ကို index.html လို့ အမည်ပေးပြီး Save မှတ်လိုက်ပါ။

Dreamweaver CS4 Template Based Web Pages

Dreamweaver CS4 Template Based Web Pages


ထို့နောက် Title ရှိ ‘Untitled Doc**ent’ နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ဒီမှာ BusinessSite Home Page လို့ပေးလိုက်ပါတယ်။ ထို့နောက် အပေါ်ပုံတွင် အမဲဖြင့်ပြထားသော Content နေရာတွင် စာမျက်နှာတွင် မိမိရေးချင်သည့် မိမိကြိုက်နှစ်သက်သည့် Post တစ်ခုကိုရေးလိုက်ပါ။ Post တွင် ခေါင်းစဉ်ပါအောင်တော့ရေးပါ။ ထိုရေးထားသော စာများသည် Browser ပေါ်တွင် မြင်တွေ့ရမည့်စာများဖြစ်ပါသည်။
Dreamweaver CS4 Template Based Web Pages


ထို့နောက် မိမိရေးထားသည်ကို ပြန်ကြည့်ရန် File> Preview in Browser > ထဲမှ မိမိကြိုက်နှစ်သက်သည့် Browser ကို ရွေးကာ Preview ကြည့်လိုက်ပါ။

Dreamweaver CS4 Template Based Web Pages


ထို့နောက် ကျွန်တော်တို့ရေးထားတဲ့ Post မှ ခေါင်းစဉ်ကို Select မှတ်ပြီး Format > Paragraph format > Heading 1 ကိုရွေးလိုက်ပါပြီး Preview ကြည့်လိုက်ပါ။
Formatting Headings in Dreamweaver CS4
Formatting Headings in Dreamweaver CS4

ကျွန်တော်တို့ အခုနကအတိုင်း မိမိတို့ရေးထားတဲ့ Post ၇ဲ့ခေါင်းစဉ်ကို Select မှတ်ကာ layout အသစ်တစ်ခုဖန်တီးရန် Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ပြီး New CSS Rule ကို နှိပ်လိုက်ပါ။
Design your template in Dreamweaver CS4


New CSS Rule Box ကျလာပါက အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
  • Selector Type: ID
  • Selector Name: h1
  • Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

Formatting Headings in Dreamweaver CS4


‘CSS Rule Definition for h1’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
  • Type > Font-size: 18 px
  • Type > Color: #D6130A
  • Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

Formatting Headings in Dreamweaver CS4

ယခုဆိုလျှင်တော့ ကျွန်တော်တို့ခေါင်းစဉ်ဟာ အရောင်ပြောင်းသွားပြီ ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
Formatting Headings in Dreamweaver CS4

ထို့နောက် မိမိရေးထားတဲ့ Post မှာ ဓာတ်ပုံတင်ရန်အတွက် မိမိဓာတ်ပုံထည့်လိုသည့်နေရာတွင် cursor ချပြီး Insert > Image ကိုနှိပ်လိုက်ပါ။ထို့နောက် ကျွန်တော်တို့ ပုံတွေသိမ်းထားတဲ့ images folder ထဲက picture.jpg ကို ရွေးလိုက်ပါ။ ထို့နောက် alternate text တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ပြီးလျှင် OK နှိပ်လိုက်ပါ။ ဒါဆို မိမိရဲ့ Post မှာ ဓာတ်ပုံလေးရောက်လာမှာ ဖြစ်ပါတယ်။ ထို ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘Align’ တွင် Right ကို ရွေးပေးလိုက်ပါက မိမိရဲ့ ဓာတ်ပုံဟာ စာသာတွေရဲ့ ညာဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
Formatting Images in Dreamweaver CS4
Formatting Images in Dreamweaver CS4


ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘H Space’မှာ 10 လို့ရိုက်လိုက်ပါ။
Formatting Images in Dreamweaver CS4


ယခုဆိုလျှင်တော့ ကျွန်တော်တို့ မှုလစာမျက်နှာဖြစ်တဲ့ index.html ကို ဖန်တီးလို့ပြီးစီးပါပြီ။ ထို့ကြောင့် Save မှတ်ပြီး Preview ကြည့်လိုက်ပါ။

အပေါ်အဆင့်တွေမှာ လုပ်ပြခဲ့တဲ့ index,html ဖန်တီးသလိုမျိုး about-us.html ၊ contact-us.html၊ services.html တို့ကို မိမိတို့ စိတ်တိုင်းကျဖန်တီးလိုက်ကြပါ။ ဒါပေမယ့် contact-us.html ကိုတော့ Page တစ်ခုသာ ဖန်တီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ Content ကို ဖျက်ပြီး Post မတင်ထားပါနှင့်။
ကျွန်တော်တို့ Page တွေ ဖန်တီးပြီးပြီဆိုလျှင် Page တွေကို Link ချိတ်ရန်အတွက် Window > Files ကိုခေါ်လိုက်ပါ။ ဒါမှမဟုတ်လည်း ညာဘက်ခြမ်းက File အောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
Linking pages in Dreamweaver CS4

‘Templates’ folder ထဲက template file (template.dwt) ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
‘Home’ menu button ကို Select မှတ်ပြီး ‘Properties’ Panel ထဲက Link နေရာတွင် http://multiplygroups.multiply.com/index.html ဟုတ်ရိုက်လိုက်ပြီး ‘Border’ field တွင် 0 လို့ပေးလိုက်ပါ။ Link တွင် index.html ကို မရိုက်ချင်ပါက Link ဘေးမှာရှိတဲ့ နာရီလိုပုံလေးကို Click နှိပ်ပြီး ညာဘက် File အောက်မှာရှိတဲ့ index.html ဖိုင်ကို Drag ဆွဲးသွားလည်းရပါတယ်။
Linking pages in Dreamweaver CS4

ကျန်တဲ့ menu icon တွေကိုလည်း သက်ဆိုင်ရာ Page များနှင့် အပေါ်အဆင့်ကအတိုင်း Link ချိတ်လိုက်ပါ။
Link ချိတ်ပြီးလျှင် Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။
Linking pages in Dreamweaver CS4

ကျွန်တော်တို့ contact-us.html ကို ဖွင့်လိုက်ပါ။
ထို့နောက် အမည်းနဲ့ရေးထားတဲ့ content ကို Select မှတ်လိုက်ပြီး Insert > Form > Form ကို သွားလိုက်ပါ။ ထိုအခါ Form tag အတွက်နေရာကို အနီရောင်ဖြင့် မြင့်တွေ့ရပါမယ်။
ထို့နောက် Insert Form > Text field ကို သွားပြီး Name လို့အမည်ပေးလိုက်ပါ။
Forms in Dreamweaver CS4

Text field ရပါက Email အမည်ဖြင့် Field တစ်ခုထပ်လုပ်ရန်အတွက် Text field ရဲ့အနောက်မှာ cursor ချပြီး Enter ၂ ချက်လောက်ခေါက်လိုက်ပါ။ ထို့နောက် Insert Form > Text field ကို သွားပြီး Email လို့အမည်ပေးလိုက်ပါ။
Email field ရပါက Message အတွက် Field ကို အထက်က အတိုင်းဖန်တီးလိုက်ပါ။
ထို့နောက် Message Field ကို Click နှိပ်ပြီး Properties အောက်မှာရှိတဲ့ Char Width တွင် 45 Max Chars တွင် 5 နှင့် Multi line တို့ကိုရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Message ရဲ့အောက်မှာ Button ပြုလုပ်ရန် Insert > Form > Button ကိုရွေးပြီး OK ကို နှိပ်လိုက်ပါ။ အားလုံးပြီးဆုံလျှင် ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
Forms in Dreamweaver CS4

ပြီးလျှင် Save မှတ်လိုက်ပါ။

ကျွန်တော်တို့ template.dwt ကို ဖွင့်လိုက်ပါ။
ထို့နောက် ‘submenu’ div မှာ ရှိတဲ့ ‘Content for id “submenu” Goes Here’ ကို Select မှတ်ပြီး ဖျက်လိုက်ပါ။ nsert > Table ကို ရွေးပြီး ပုံတွေင်ပြထားသည့်အတိုင်း ပြုလုပ်ကာ OK ကို နှိပ်လိုက်ပါ။
Tables in Dreamweaver CS4
  • Select the table [Right click within the table > Select Table] and align it ‘Center’ in the ‘Properties’ Panel.
  • Click within the top row of the table and insert the image ‘submenu-top-bg.jpg’
  • Click within the bottom row of the table and insert the image ‘submenu-btm-bg.jpg’
To give the background image to the middle:
  • Click within the middle row
  • From the Properties panel, select and click the ‘Edit Rule’ button
  • Create a ‘class’ style called ‘.sub-bg’ within ‘styles.css’
  • ပုံတွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။
    Tables in Dreamweaver CS4
    Tables in Dreamweaver CS4
    Tables in Dreamweaver CS4
  • Type in the submenu items
    Tables in Dreamweaver CS4

Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။

styles.css ကိုဖွင့်ပါ။ ထို့နောက် Window > CSS Styles ကို ဖွင့်လိုက်ပါ။ ထို့နောက် #menu style ကို Select လုပ်ပြီး Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။
Testing the Website in the Browser

ထို့နောက် #footer style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး Box > Margin > Top: 20 px လုပ်လိုက်ပါ။ styles.css ကို Save မှတ်လိုက်ပါ။

#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။
Testing the Website in the Browser

ပြီးရင်တော့ File တွေအားလုံးကို Save All မှတ်လိုက်ပါ။ Preview ကြည့်လိုက်ပါ။ အားလုံး completed ဖြစ်သွားပါပြီ။
Testing the Website in the Browser

နောက်ဆုံးအဆင့်အနေနဲ့ File တွေကို Upload လုပ်ပါမယ်။
င်္ ‘Files’ panel ထဲက ‘Expand to show local and remote sites’ icon ကို Click နှိပ်လိုက်ပါ။
Upload your site with Dreamweaver CS4
‘Connects to remote host’ icon ကို Click နှိပ်ပါ။
Upload your site with Dreamweaver CS4
FTP ကို ရွေးပြီး ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပါ။
Upload your site with Dreamweaver CS4
Upload your site with Dreamweaver CS4
‘Test Connection’ button ကို နှိပ်လိုက်ပါ။
Upload your site with Dreamweaver CS4
Next ကို နှိပ်ပါ။ No, do not enable check in and check out ကိုရွေးပါ။ Next ကို နှိပ်ပါ။
Upload your site with Dreamweaver CS4
Done ကို နှိပ်ပါ။ ပြီးလျှင်တော့
  • You will be taken back to the Expanded ‘Files’ Panel again.
  • Click the ‘Connects to Remote host icon’ again.
ထို့နောက် ဖိုင်တစ်ခုခြင်းစီကို ‘Put Files’ icon ကို နှိပ်ပေးပါ။ ( template file မပါ)
Upload your site with Dreamweaver CS4
Congratulations! အားလုံးပြီးဆုံးပါပြီ။ သင်ခန်းစာအစက မိမိပြုလုပ်ခဲ့တဲ့ D:> Project>BusinessSiter မှာ ရှိတဲ့ File တွေကို စမ်းသပ်ကြည့်ပါ။ အားလုံးအဆင်ပြေကြပါစေ။ ယခုပြုလုပ်ခဲ့သော BusinessSite ကို လိုချင်ရင်တော့ ဒီနေရာကနေရယူပါ။


Download the filesကိုခင်မောင်စိုး  ရေးသားပြုစုထားတဲ့  နည်လေးအားမျှဝေခြင်းပါ