Monday, August 27, 2012

Blog ပိုင်ရှင်များအတွက် Facebook like box ထည့်နည်း


မင်္ဂလာပါ...။
G-Mail ကနေ ခဏခဏမေးလာလို့ ဒီပို့စ်ကလေးကို အချိန်ယူပြီးရေးတင်လိုက်ပါတယ်၊
တစ်ခါမေးရင်တစ်ခါဖြေနေရတာကြောင့်ခဏခဏမဖြေရအောင်၊မသိသေးတဲ့သူများလည်းသိသွားအောင်ပါ။
ကိုယ်ပိုင် Blog တွေရှိတဲ့သူများ မိမိရဲ့ Blog Site မှာစည်စည်ကားကားလေးဖြစ်သွားအောင် Facebook like box (သို့မဟုတ်)Facebook like button ထည့်လိုသူများအတွက်ပါ။
ပထမဦးဆုံး မိမိရဲ့ Facebook Account စာမျက်နှာကို ဖွင့်ပါ။

Address bar အတွင်းက မိမိစာမျက်နှာရဲ့ Link (အနီရောင်ပြထားသည်။)ကို Copy ကူးပီး Notepad မှာဘဲဖြစ်ဖြစ် ထည့်ပြီးခဏထားလိုက်ပါ။
ပြီးရင် ဒီလင့်ကိုနှိပ်ပြီး likebox စာမျက်နှာသို့သွားပါ။

အနီရောင်ပြထားတဲ့ အကွက်ထဲမှာ ခုနက Notepad မှာကူးယူထားတဲ့ သင့် Facebook စာမျက်နှာရဲ့ Link ကိုထည့်ပေးလိုက်ပါ။
ကျန်တဲ့သူ့အောက်ကအကွက် တွေမှာ Box အရွယ်အစား နဲ့ Box နောက်ခံအရောင်ကို ရွေးပေးရမှာပါ၊
အဲဒါတွေကတော့ မိမိ Blog ရဲံ့ Background ပေါ်မူတည်ပြီး ကိုယ့်ဘာသာကိုယ်ရွေးချယ်ပါ။
အဲဒါတွေအားလုံးစိတ်ကြိုက်ရွေးချယ်ပြီးရင် အောက်မှာရှိတဲ့ Get Code အကွက်ကိုနှိပ်လိုက်ပါ။

နှိပ်ပြီးတာနဲ့ Box တစ်ခုပေါ်လာပါမယ်။

အဲဒီ Box ထဲက အကွက် (၁) နဲ့ (၂) ကုဒ်တွေ ကို ခုနကလိုဘဲ Notepad မှာ ခဏကူးထားပါ။
ပြီးရင် သင့်ရဲ့ Blogger Account page ကိုဖွင့်ပါ။

အနီရောင်ပြထားတဲ့နေရာကိုနှီပ်ပြီး ပေါ်လာတဲ့ Box ထဲက Template ကိုကလစ်ပါ။

Eddit HTML ကိုကလစ်ပါ။

နောက်ထပ် Box တစ်ခုပေါ်လာပါမယ်။

အရင်ဆုံး သင့်ရဲ့ Blog Template ကို Backup လုပ်ပါ။ ဘယ်လိုလုပ်ရမယ်မသိရင်တော့ သင့်ရဲ့ Blog Template Code တွေကို Copy ကူးပြီး Notepad နဲ့သိမ်းလိုက်ပါ။
ပြီးရင်ပုံထဲကအတိုင်းလုပ်ပါ။


</body> ကိုရှာပါ (Ctrl+F) ကိုနှိပ်ပြီးရှာရင်ပိုမြန်ပါတယ်။ တွေ့ရင် သူ့ရဲ့အပေါ်မှာ ခုနကကူးထားတဲ့ နံပါတ် (၁) အကွက်ထဲကကုဒ်ကိုထည့်ပြီး (Save Template) ကိုနှိပ်ပြီးခဏစောင့်ပါ။
သူ Save ပြီးလို့ Erro မဖြစ်ရင် ကုဒ်ထည့်တာနေရာမှန်သွားပါပြီ၊ ပိတ်လိုက်ပါ။
နောက်တစ်ဆင့်ကိုသွားပါမယ်။
Layout ကိုနှိပ်ပါ။


ပေါ်လာတဲ့စာမျက်နှာမှာ Add a Gadget ကိုနှိပ်ပြီး HTML/JavaScript Add တစ်ခုဖွင့်ပြီး နံပါတ်(၂) အကွက်ထဲကကုဒ်ကိုထည့်၍ Save ပြီး သင့်စာမျက်နှာရဲ့ကြိုက်နှစ်သက်ရာနေရာမှာထားနိုင်ပါတယ်။
မှတ်ချက်။ ။ကိုယ်ထားတဲ့နေရာနှင့် အရွယ်အစားအံဝင်ဂွင်ကျဖြစ်အောင် HTML ကုဒ်ကိုပြင်နိုင်ပါတယ်။
အဆင်ပြေပါစေဗျာ...။
ပုံတွေကိုဒီအတိုင်းကြည့်လို့အဆင်မပြေရင် မိမိကြည့်မည့်ပုံအားကလစ်နှိပ်ကာပုံကြီးချဲ့ကြည့်နိုင်ပါသည်။
www.simon-vlog.com

No comments:

Post a Comment