Monday, September 10, 2012

(blogger) ဘလော့ လုပ်နည်းအပြည့် အစုံ

Blog လုပ်နည်း အပြည့်အစုံမှာ 1. မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi ( fount) တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။Step 1) Sign in to blogger Step 2) Display name (or) Author name Step 3) Name your blog Step 4) Choose your template Step 5) Publish your first pest မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။ Step1) Sign to Blogger မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။ Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။ Step 2) Display Name (0r) Author Name မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။ Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျင် Button တွင် Click နှိပ်လိုက်ပါ။ မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။ Step3) Name your Blog ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။ စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။ URL (or) Blog Address Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။ မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။ လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။ မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ဝင်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။ Step 4) Choose your Template Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။ Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။ အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ် ။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။ Step 5) Publish Your First Post Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြေ သာ Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင် Click တစ်ချက်နှိပ်ပါ။ ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ် ။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။ ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေဝေဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။ စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။ Post Title ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။ Text Area ရေးလိုသမျ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။ ရေးလိုသမျရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။ မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။ Sign Out Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။ Blogger Interface အားလေ့လာခြင်း Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။ Posting Tab Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။ Setting Tab Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအဝင် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။ Layout Tab Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။ The Dashboard မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com ) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။ Sign in ဝင်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအဝင် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။ မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။ Post အသစ်များထပ်တင်ခြင်း ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။ Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။ ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။ တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog မှာတင်ထားသမျသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။ ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို မြင်ကြရပါမယ်။ ၄င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။ ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။ Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။ Add formatting Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။ စာလုံးပုံစံ Font ပြောင်းခြင်း ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။ စာလုံးအရွယ်အစားပြောင်းခြင်း Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။ Bold, Italic, Text color အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။ Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။ Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။ Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။ Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image) တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။ Add to Picture ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။ Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။ မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။ Third-Party Page Elements (widgets) Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါေ သးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။ Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။ နာရီပုံ HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။ မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။ မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။ Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130) နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆို လျင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။ Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Doc**ent ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့  သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်။ 1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။ 2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။ ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။ မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ြ ကပါတယ်။ 3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။ ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။ Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။ မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။ အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link) Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။ Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။ အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။ 1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။ 2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ 3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။ 4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။ Comments ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။ Writing Comment ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ဝင်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ဝင်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာ ကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ဝင်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။ ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။ Stop Comments မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး ….. 1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။ 2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။ Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါ တယ်။ Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျင် New Posts Do Not Have Comments ကိုရွေးရပါမယ်။ စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။ Template Selection Dashboard ပေါ်မှ Layout ပေါ်တွင် Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။ ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို ပြုပြင်ပြောင်းလဲ နိုင်ကြပါတယ်။ Pick a New Template Blogger မှာ အဆင်သင့်ယူသုံးနိုင်တဲ့ Template ပေါင်းများစွာရှိပြီးသား ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါ တယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။ အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။ အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင် Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။ View Blog တွင် Click နှိပ်ကြည့်နိုင်ပါသည်။ Page Elements (Widgets) Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညှတ်မျတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့ အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။ ပုံမှန်အားဖြင့် Blog တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element တွေကတော့ အလိုအလျောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊ ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။ Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို တွေ့ရပါမယ်။ ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements သစ်တွေထပ်ထည့်ချင်ရင် “ Add a page element” တွင် နှိပ်ပြိး ထပ်ထည့်နိုင်ကြပါတယ်။ မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ Add a Description Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။ Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။ Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။ Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။ Description နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို ရိုက်ထည့်ပါ။ ပြီးလျင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click နှိပ်ပါ။ “setting were saved successfully” ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော စာသားများကို မြင်ကြရပါမယ်။ Add a team Member Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့ရပါတယ်။ အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။ အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။ Member ဖြစ်အောင်လုပ်ဖို့ရန် အပိုင်း(၂)ပိုင်း ရှိပါတယ်။ ပထမဦးစွာ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ဝင်ရောက်ရေးသားဖို့ရန် ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင် ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member ဖြစ်သွားပြီး ဝင်ရောက်ရေးသားနိုင်ကြပါပြီရှင် ။ Invite လုပ်ခြင်း Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့ ဆိုရပါမယ်။ Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ဝင်ရေးသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့် အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။ Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက် Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people နေရာတွင် ရိုက်ထည့်လိုက်ပါ။ Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။ အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။ Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog) ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ ဝင်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ဝင်လိုက်ပါက Invite လုပ်သော Email message ကိုတွေ့ရပါမယ်။ ၄င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link ပေါ်တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် www.blogspot.com သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း အတည်ပြုပေးရပါမယ်။ Username နေရာတွင် Email Address နှင့် Password နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို ထည့်ပေးရပါမယ်။ Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ဝင်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။ Manage team Member ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတို င်း ပေးအပ်ထားလို့လည်းရပါတယ်။ Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission) သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာ ဝင်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမှင့်ပေးလို သော Member အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။ Add Poll Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။ ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင် သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။ လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့် အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ် ။ Pop-up window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။ Add Link List မိမိ Blog ကို ဝင်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။ Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။ ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။ Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။ ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ဝင်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။ Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ဒါဆိုရင် www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။ Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။ Email ဖြင့် Post အသစ်များတင်ခြင်း Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။ ၄င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ဝင်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျို့ဝှက်လိပ်စာဆီပို့လို က်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။ 1. www.blogger.com ထဲသို့ Login ဝင်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။ 2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေရာတွင် လျို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။ ------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။ 3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။ ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်…….. 1. To နေရာတွင် လျို့ဝှက်လိပ်စာကို ထည့်သွင်းပါ။ 2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။ 3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။ အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။ စိတ်တိုင်းကျပြီဆိုလျင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။ Blog ရေးနည်း Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့ ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့် အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။ အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဖတ်ရူ့သူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ဝင်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။ သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့ ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ဝင်ရေးလို့ ရနိုင်ပါတယ်။ သိလိုသမျကိုလည်း မေးမြန်းနိုင်ကြပါတယ်။ C-Box C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း (Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။ သဘောက Blog ပိုင်ရှင်နှင့် ဝင်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။ Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။ 1) Create an C-Box Account 2) Configuring C-Box 3) Add to Blog Create an C-Box Account C-Box ထံမှ Account တစ်ခုရရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။ 1. www.Cbox.ws သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။ 2. Username၊ Password အပါအဝင် Email Address တို့ကိုဖြည့်ပြီး Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျင် Finish တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail တစ်စောင်ပို့ထားပါလိမ့်မယ်။ 3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့ Login ဝင်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail Message အားဖွင့်ဖတ်လိုက်ပါ။ 4. ပွင့်လာသော Mail Message ထဲတွင် www.cbox.ws သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင် Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window တစ်ခုပွင့်လာပြီး www.cbox.ws သို့ ပြန်ရောက်သွားပါမယ်။ 5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး Login ဝင်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင် www.cbox.ws သို့ Login ဝင်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ Configuring you C-Box C-box တွင် Login ဝင်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင် အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင် HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။ 1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျင် မိမိရောက်ရှိနေသော နေရာသည် Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။ C-Box Options တွင် Click နှိပ်လိုက်ပါ။ 2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။ 3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည် ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင် အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။ မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျင် Colours & Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။ နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ ထားနိုင်ကြပါတယ်။ C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊ ဘယ်သူတွေကိုတော့ ဝင်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင် မလိုအပ်သေးပါ။ 4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီ ဆိုရင် မိမိ Blog တွင် ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင် Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။ 5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v) လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင် နှိပ်ပြိး ပိတ်လိုက်ပါ။ Add to Blog C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။ HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။ ဥပမာ-မှာချင်တာလေးတွေရှိရင်မှာ ခဲ့ပါ။ Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code များ ဒီနေရာတွင် ပေါ်လာမည်။ Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင် Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု ထည့်သွင်းပြီးသွားပါပြီ။ Manage Page Element မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ် အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။ “ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element ပေါ်ရှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့ မှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။ အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျင် လှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။ စိတ်တိုင်းကျ ရှေ့ပြီးးလျင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။ Edit (or) Delete Page Element မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟု တ် မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။ ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။ ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍ များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။ Edit Header Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။ Configuration Window ပွင့်လာပါမည်။ ၄င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။ ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။ Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး သိမ်းဆည်းလိုက်ပါ။ ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ် မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။ Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply မှာရေးချင်ရင် www.multiply.com ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင် စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။ သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့ Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail Account ရှိသူတယောက်ဖြစ်ဖို့လိုပါသည်။ ၀ါသနာပါသူများ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေလိုသောကြောင့်လည်းကောင်း၊
(မူရင်းရေးသားသူ၏ ရေးသာချက်လေး ပြန့်ပွား လူ အသိများစေလိုသောကြောင့် လည်းကောင်း ထပ်ဆင့်မျဝေလိုက်ပါသည်။ )

No comments:

Post a Comment