Monday, March 4, 2013

YouTube က ဗီဒီယိုတွေကို ကိုယ်ကြိုက်တဲ့ ဗီဒီယို Format နဲ့ တိုက်ရိုက်ဒေါင်းလော့ လုပ်နိုင်မယ့်နည်း


ဒီနည်းလေးကတော့ YouTube က ဗီဒီယိုတွေကို ကိုယ်ကြိုက်တဲ့ ဗီဒီယို Format နဲ့ဒေါင်းလော့လုပ်နိုင် မယ့်နည်းလေးပဲဖြစ်ပါတယ်။ ဒါဆိုရင် Converter ဆော့ဝဲလ်နဲ့ချိန်းစရာ မလိုတော့ဘူးပေါ့။ ပိုင်တယ်နော်။
ဘယ်လိုလုပ်မလဲဆိုတာကို အောက်မှာပုံနဲ့ Step by Step ပြထားပါတယ် ....



ဒီဆိုဒ်မှာ သွားပြီးလုပ်ရမှာဖြစ်ပါတယ်။
ကျွန်တော် ရေးထားတဲ့နည်းအတိုင်းလုပ်ပြီးမှ ... ကိုယ်လုပ်ချင်တဲ့ ဗီဒီယိုနဲ့ ပြန်စမ်းသပ်ပေါ့။

အောက်က URL ကိုကူးပါ။

http://youtube.com/watch?v=gWIkiI_UmeE

ကူးပြီးသွားပြီဆိုရင်တော့ ခုနကဆိုဒ်ထဲကိုသွားပြီး .... အောက်မှာပြထားတဲ့ပုံထဲကအတိုင်းဆက်လုပ်ပါ။

ပုံကိုကလစ်ပြီး အကြီးချဲ့နိုင်ပါတယ်။



အပေါ်ကပုံထဲကစာအတိုင်း ပြန်ရေးထားတာပါ။

http://youtube.com/watch?v=gWIkiI_UmeE ဒါကခုနက URL ပါ။ အရှေ့က http:// ကိုဖြုတ်ပါ။
youtube.com/watch?v=gWIkiI_UmeE ဒီအတိုင်းပေါ့။ ပြီးရင်အဲဒါကိုကော်ပီ ကူးပြီးအောက်က ပြထားတဲ့နေရာမှာ Paste လုပ်ပါ။ ထို့နောက် Download ကိုကလစ်။



အပေါ်ကပုံအတိုင်းတွေ့ရပါမယ်။ More ကိုနှိပ်လိုက်ရင် နောက်ထပ် Video Format တွေကိုတွေ့ရမှာဖြစ် ပါတယ်။ More ကိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းတွေ့ရမှာပါ။


ကိုယ် ဒေါင်းလော့လုပ်ချင်တဲ့ ဗီဒီယို format ကိုကလစ်ပြီးဒေါင်းနိုင်ပါတယ်။ ကိုယ့်မှာ Internet Download Manager ရှိရင် Internet Download Manager နဲ့ ဒေါင်းလော့လုပ်လို့မရပါဘူး။ တကယ်လို့ Internet Download Manager နဲ့ဒေါင်းလော့လုပ်ချင်တယ်ဆိုရင်တော့အောက်ပါနည်း အတိုင်းလုပ်နိုင်ပါတယ် ...



 ကိုယ်ဒေါင်းလော့လုပ်မယ့် လင့်ကို Right Click ပေးပြီး Copy Link Location ကိုကလစ်ပါ။
 

ထို့နောက် Internet Download Manager ကိုဖွင့်ပြီး Add URL ကိုကလစ်ပြီး ခုနက ကူးထားတဲ့
URL ကို Paste လုပ်ပါ။ ပြီးရင် OK နှိပ်ပါ။ ဒါဆို Internet Download Manager နဲ့ဒေါင်းနိုင်ပါပြီ။

No comments:

Post a Comment