Friday, May 24, 2013

၁၅၀၀ တန် CDMA ဖုန်း ( Android Handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း


၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Internet Setting ထည့်နည်း

၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ

၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။

၃ – Mobile networks ထဲကိုဝင်ပါ

၎ – Access Point Names ကိုဝင်ပါ

၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )

APN – #777

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

username – mectel@c800.mm

Password – 0000

Server – ဘာမှမထည့်ပါ

MMSC – ဘာမှမထည့်ပါ

MMS Proxy – ဘာမှမထည့်ပါ

MMS Port -ဘာမှမထည့်ပါ

MMC – 414 လို့ပေါ်နေရပါမယ်

MNC – 01 လို့ပေါ်နေရပါမယ်

Authentication Type – PAP or CHAP

APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။


ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
======================================

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။

၁ – setting ကိုဝင်

၂ – Wireless & Networks ထဲကိုဝင်

၃ – Mobile Network ထဲကိုဝင်

၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

No comments:

Post a Comment